ရခိုင္နယ္စပ္ ၿခံစည္း႐ိုးခတ္ဖို႔ တ႐ုတ္ ကူညီမယ္

0
374

ရခိုင္ျပည္နယ္ ဘဂၤလားေဒ့ရွ္ နယ္စပ္မွာ ၿခံစည္း႐ိုး ကာရံမႈကို ႏိုင္ငံတကာ အဆင့္မီျဖစ္ေအာင္ တ႐ုတ္ႏိုင္ငံရဲ႕ အာဆီယံ စီးပြားေရးႏွင့္ ယဥ္ေက်းမႈ အသင္းက ကူညီမွာ ျဖစ္ပါတယ္။

ဟသၤာဧကရီ ကုမၸဏီက ျမန္မာ ကိုယ္စားလွယ္နဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ အာဆီယံ စီးပြားေရးႏွင့္ ယဥ္ေက်းမႈ အသင္းက ကိုယ္စားလွယ္တို႔ဟာ ႏိုဝင္ဘာ ၇ ရက္ေန႔မ်ာ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ကို ေရာက္ရွိလာၿပီး ရခိုင္ျပည္နယ္ လႊတ္ေတာ္ ဥကၠ႒၊ ရခိုင္ျပည္နယ္ အစိုးရ၊ စစ္ေတြၿမိဳ႕က ၿမိဳ႕မိၿမိဳ႕ဖေတြနဲ႔ ၿခံစည္း႐ိုး ကာရံေရး ကိစၥကို ေဆြးေႏြးၾကပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ အာဆီယံ စီးပြားေရးႏွင့္ ယဥ္ေက်းမႈ အသင္းဟာ လာမယ့္ ႏိုဝင္ဘာ ၁၄ ရက္ေန႔မွာ ျမန္မာအစိုးရ အႀကီးအကဲေတြနဲ႔ ေတြ႔ဆံုၿပီး စီမံကိန္းကို ေဆြးေႏြးမွာ ျဖစ္ပါတယ္။ နယ္စပ္ၿခံစည္း႐ိုး ကာရံဖို႔အတြက္ ေနာက္ဆံုးေပၚ ေခတ္မီနည္းပညာကို သံုးလိမ့္မယ္လို႔ ဟသၤာ ဧကရီက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။
………………… ။ ။ …………………..

ရခိုင်နယ်စပ် ခြံစည်းရိုးခတ်ဖို့ တရုတ် ကူညီမယ်

ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ခြံစည်းရိုး ကာရံမှုကို နိုင်ငံတကာ အဆင့်မီဖြစ်အောင် တရုတ်နိုင်ငံရဲ့ အာဆီယံ စီးပွားရေးနှင့် ယဉ်ကျေးမှု အသင်းက ကူညီမှာ ဖြစ်ပါတယ်။

ဟင်္သာဧကရီ ကုမ္ပဏီက မြန်မာ ကိုယ်စားလှယ်နဲ့ တရုတ်နိုင်ငံရဲ့ အာဆီယံ စီးပွားရေးနှင့် ယဉ်ကျေးမှု အသင်းက ကိုယ်စားလှယ်တို့ဟာ နိုဝင်ဘာ ၇ ရက်နေ့မျာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် အစိုးရ၊ စစ်တွေမြို့က မြို့မိမြို့ဖတွေနဲ့ ခြံစည်းရိုး ကာရံရေး ကိစ္စကို ဆွေးနွေးကြပါတယ်။

တရုတ်နိုင်ငံရဲ့ အာဆီယံ စီးပွားရေးနှင့် ယဉ်ကျေးမှု အသင်းဟာ လာမယ့် နိုဝင်ဘာ ၁၄ ရက်နေ့မှာ မြန်မာအစိုးရ အကြီးအကဲတွေနဲ့ တွေ့ဆုံပြီး စီမံကိန်းကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ နယ်စပ်ခြံစည်းရိုး ကာရံဖို့အတွက် နောက်ဆုံးပေါ် ခေတ်မီနည်းပညာကို သုံးလိမ့်မယ်လို့ ဟင်္သာ ဧကရီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)