
0
368



…………………… ။ ။ ……………………..

ကျိုင်းတုံမှာ ဆိုင်ယာနိုက် ကီလို ၈ ထောင် သိမ်းဆည်းရမိ

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်မှာ ဆိုင်ယာနိုက် ကီလို ၈ ထောင်ကို သိမ်းဆည်း ရမိခဲ့ပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့က ကျိုင်းတုံမြို့၊ (၃) ရပ်ကွက်ရှိ စိုင်းစွန်ဖမ်း (၂၂ နှစ်) ရဲ့ ဂိုဒေါင်ကို ကျိုင်းတုံ ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေရာမှာ ခြောက်ဘီးတပ် ယာဉ်ပေါ်ကနေ ဆာလာအိတ် ၁၆၀ နဲ့ ထည့်ထားတဲ့ ရွှေသန့်စင်တဲ့ ဓာတုပစ္စည်း ဆိုင်ယာနိုက် ကီလို ၈ ထောင် သိမ်းဆည်းရမိတာ ဖြစ်ပါတယ်။

ဖမ်းမိထားတဲ့ စိုင်းစွန်ဖွမ်းနဲ့ လွတ်မြောက်နေတဲ့ ပိုင်စိုးသူတို့ကို ကျိုင်းတုံရဲစခန်းက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့် စုံစမ်းနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)