
0
339



………………. ။ ။ …………………

ဘင်္ဂါလီ မွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဆက်လက် ထွက်ခွာနေ
ရခိုင်ပြည်နယ် မောင်တောမြိုကနယ်မှာ နေရပ်စွန့်ခွာတဲ့ ဘင်္ဂါလီ မွတ်စလင်တွေဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ဒုက္ခသည် စခန်းတွေကို ဆက်လက် ထွက်ခွာနေကြပါတယ်။

မနေ့က နိုဝင်ဘာ ၈ ရက်နေ့မှာ အလယ်သံကျော် လေယာဉ်ပျံကွင်း ကမ်းခြေမှာ ဘင်္ဂါလီ မွတ်စလင် အမျိုးသား ၁၂၃၅ ဦး၊ အမျိုးသမီး ၁၈၈၉ ဦးတို့ ရောက်ရှိလာပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ခွာနေကြတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို စက်လှေ ကိုးစီးနဲ့ အမျိုးသား ၁၁၂ ဦး၊ အမျိုးသမီး ၁၃၃ ဦး ထွက်ခွာသွားပြီး ၂၈၇၉ ဦး ကမ်းခြေမှာ ကျန်ရှိနေတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)