ထီလက်မှတ် အတုနဲ့ သိန်း ၅ ထောင် လာထုတ်သူကို အရေးယူ

0
414

ရန်ကုန်မြို့ အောင်ဘာလေ သိန်းဆုဌာနခွဲကို ထီလက်မှတ် အတုနဲ့ ကျပ်သိန်း ၅ ထောင် လာထုတ်တဲ့အတွက် ကျောက်တံတားမြို့နယ် ရဲစခန်းက အရေးယူထားပါတယ်။

တောင်ဥက္ကလာပမြို့နယ်နေ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက နိုဝင်ဘာ ၇ ရက်နေ့မှာ ဆုလာထုတ်တဲ့အတွက် မှန်၊ မမှန် စစ်ဆေးရာမှာ အတုဖြစ်နေတဲ့အတွက် အောင်ဘာလေ သိန်းဆုဌာနခွဲက တာဝန်ရှိသူတစ်ဦးက ကျောက်တံတား မြို့မ ရဲစခန်းကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ထီလက်မှတ် အတုနဲ့ ငွေလာထုတ်သူကို ကျောက်တံတား ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၆၈ (အတုပြုလုပ်မှု) နဲ့ အရေးယူထားပါတယ်။
………………….. ။ ။ ……………………….





COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)