
0
313




………………… ။ ။ ……………….

စည်းကမ်းပျက်တဲ့ YBS လိုင်းတွေ ပိတ်သိမ်း အရေးယူမယ်

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေ စည်းကမ်း ဖောက်ဖျက်ရင် ယာဉ်လိုင်းကို ပိတ်သိမ်းအရေးယူပြီး ယာဉ်အသစ်နဲ့ အစားထိုး ပြေးဆွဲမှာ ဖြစ်ပါတယ်။

အစိုးရ အစီအစဉ်နဲ့ တင်သွင်းလာတဲ့ ကားအစီး ၁ ထောင်အနက် သုံးပုံ နှစ်ပုံက ယာဉ်လိုင်းတွေထဲမှာ ပြေးဆွဲနေပါတယ်။ YBS ယာဉ်လိုင်းတွေကို စီမံခန့်ခွဲဖို့ ရန်ကုန်တိုင်းအစိုးရက အမှုဆောင်အရာရှိချုပ် တစ်ဦးကို ခန့်အပ်ထားပြီး အများပိုင် ကုမ္ပဏီ ထူထောင်နိုင်ဖို့၊ တစ်ဦးချင်းပိုင်ယာဉ်တွေ စီမံခန့်ခွဲဖို့၊ စည်းကမ်းပျက် ယာဉ်တွေကို စနစ်တကျ ထိန်းချုပ်ဆောင်ရွက်ဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ YBS တွေ ပြေးဆွဲနေတာ ၁၁ လ ကြာမြင့်လာပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)