ေျမာက္ဦးၿမိဳ႕ကို ကမာၻ႔အေမြအႏွစ္ စာရင္းဝင္ေရး ႀကိဳးပမ္းေန

0
336

ရခိုင္ျပည္္နယ္ ေရွးေဟာင္း ယဥ္ေက်းမႈၿမိဳ႕ေတာ္ ေျမာက္ဦးၿမိဳ႕ကို ကုသလမဂၢ ပညာေရး၊ သိပၸံႏွင့္ ယဥ္ေက်းမႈအဖြဲ႔ (ယူနက္စကို) ရဲ႕ ကမာၻ႔အေမြအႏွစ္ အျဖစ္ သတ္မွတ္ႏိုင္ေရး ၂၀၁၈ ခုႏွစ္မွာ စာရင္းတင္သြင္းဖို႔ စီစဥ္ေဆာင္ရြက္ေနပါတယ္။

ေဒသခံျပည္သူ၊ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔တို႔ အျပည့္အဝ ပူးေပါင္း ေဆာင္ရြက္ေရး၊ အႀကံေပးအဖြဲ႔၊ ပညာရွင္အဖြဲ႔၊ ေဒသခံေတြ၊ သမိုင္းပညာရွင္ေတြ စုေပါင္းဖြဲ႔စည္းၿပီး ၂၀၁၈ ခုႏွစ္ ဇြန္လမွာ က်င္းပမယ့္ ယူနက္စကို ကမာၻ႔အေမြအႏွစ္ ညီလာခံမွာ တင္သြင္းဖို႔ ဆံုးျဖတ္ထားတယ္လို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီး သူရဦးေအာင္ကိုက မေန႔က ႏိုဝင္ဘာ ၈ ရက္ေန႔ အမ်ိဳးသားလႊတ္ေတာ္မွာ ေျပာၾကားသြားပါတယ္။

ေျမာက္ဦးေဒသ ကမာၻ႔အေမြအႏွစ္စာရင္း တင္သြင္းေရးလုပ္ငန္း ႀကီးၾကပ္ေရးအဖြဲ႔၊ လုပ္ငန္းေကာ္မတီနဲ႔ အႀကံေပးပညာရွင္အဖြဲ႔တို႔ကို ဖြဲ႔စည္းထားၿပီး ျဖစ္ပါတယ္။
…………………. ။ ။ ……………………

မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ကြိုးပမ်းနေ

ရခိုင်ပြည်နယ် ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ကို ကုသလမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ရဲ့ ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်နိုင်ရေး ၂၀၁၈ ခုနှစ်မှာ စာရင်းတင်သွင်းဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

ဒေသခံပြည်သူ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ရေး၊ အကြံပေးအဖွဲ့၊ ပညာရှင်အဖွဲ့၊ ဒေသခံတွေ၊ သမိုင်းပညာရှင်တွေ စုပေါင်းဖွဲ့စည်းပြီး ၂၀၁၈ ခုနှစ် ဇွန်လမှာ ကျင်းပမယ့် ယူနက်စကို ကမ္ဘာ့အမွေအနှစ် ညီလာခံမှာ တင်သွင်းဖို့ ဆုံးဖြတ်ထားတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက မနေ့က နိုဝင်ဘာ ၈ ရက်နေ့ အမျိုးသားလွှတ်တော်မှာ ပြောကြားသွားပါတယ်။

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၊ လုပ်ငန်းကော်မတီနဲ့ အကြံပေးပညာရှင်အဖွဲ့တို့ကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)