
0
398




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မှု ရှိတယ်လို့ ဒေါက်တာ တင်မျိုးဝင်း ပြော

ငြိမ်းချမ်းရေးဖြစ်စဉ်တွေ တိုးတက်မှုရှိလာကြောင်း ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောပါတယ်။

ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့ ငြိမ်းချမ်းရေး ကော်မရှင် (PC) နဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ရဲ့ သတ္တမအကြိမ် အစည်းအဝေးမှာ ဒေါက်တာ တင်မျိုးဝင်းက ပြောခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသားအားလုံး လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကို ပူးပေါင်းလုပ်ဆောင်ပေးဖို့နဲ့ ငြိမ်းချမ်းရေး ပန်းတိုင်ဖြစ်တဲ့ NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးကို ကြိုးစားပေးစေလိုကြောင်းလည်း ဒေါက်တာ တင်မျိုးဝင်းက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)