ကိုဗစ် ကာကွယ်ရေး အရပ်ဖက်ကို ဆောင်ရွက်ပေးလို့ ရသမျှ အားလုံးကို ပံ့ပိုးကူညီကြဖို့ ပြောကြား

0
282

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အရပ်ဖက်က ဆောင်ရွက်ပေးလို့ ရသမျှ နေရာအားလုံးမှာ တပ်မတော်အနေနဲ့ ပံ့ပိုးကူညီ ဆောင်ရွက်ကြဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားလိုက်ပါတယ်။

လက်တလော စိုးရိမ်ဖွယ်ရာ ရောဂါကူးစက်မှု အခြေအနေ မြင့်မားနေတဲ့ အပေါ် အောက်တိုဘာလ ၆ ရက်နေ့က လုပ်တဲ့ တပ်မတော်ရဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်တွေ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာကို အခုလို တွေ့မြင်ကြရမှာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)