နိုင်ငံတွင်း ကိုဗစ်လူနာပေါင်း ၂၂,၄၄၅ ဦးနဲ့ သေဆုံးသူပေါင်း ၅၃၅ ဦး အထိရှိလာ

0
593

မြန်မာနိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လူနာစုစုပေါင်း ၂၂,၄၄၅ ဦးနဲ့ သေဆုံးသူ ၅၃၅ ဦးအထိ ရှိလာတဲ့အကြောင်း အစိုးရရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

အောက်တိုဘာလ (၈) ရက်နေ့ မြန်မာစံတော်ချိန် ည (၈း၀၀) အချိန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ (၂၄) နာရီအတွင်းမှာပဲ ထပ်မံသေဆုံးသူအသစ် ၂၅ ဦးရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၅၃၅ ဦးအထိ ရောက်ရှိလာတာပါ။

အလားတူ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာသစ် ၁,၀၁၂ ဦးကို ထပ်မံ စစ်ဆေးတွေ့ရှိခဲ့တဲ့အကြောင်း စုစုပေါင်း ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာပေါင်းဟာ ၂၂,၄၄၅ ဦးကို ရောက်ရှိလာတာလို့ ဆိုရမှာ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၂,၂၆၈  ခုကို စစ်ဆေးခဲ့တဲ့ထဲကနေ အခုလို အတည်ပြု လူနာသစ်တွေကို တွေ့ရှိခဲ့ရတာပါ။

ရောဂါကနေ ပြန်လည်ကျန်းမာလာလို့ ဆေးရုံက ဆင်းခွင့် ရသူဟာလည်း ၂၄ နာရီအတွင်းမှာ ၂၈၂ ဦး ရှိခဲ့တာကြောင့် ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်းဟာလည် ၆,၃၆၆ ဦး ရှိလာတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

အခုလို ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းတွေဟာ ကျဆင်းမှုမျိုး မရှိသေးပဲ မြင့်မားနေဆဲ ဖြစ်တာကြောင့် ပြည်သူအားလုံးအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို အထူးလိုက်နာကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)