
0
93
devices -->

ခွေးရူးပြန်ရောဂါ ကာကွယ်ရေးအတွက် အိန္ဒိယ အစိုးရက မြန်မာအစိုးရကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး တစ်သောင်း လှူဒါန်းထောက်ပံ့ပါတယ်။



အိန္ဒိယက ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးတွေ လှူဒါန်း


ခွေးရူးပြန်ရောဂါ ကာကွယ်ရေးအတွက် အိန္ဒိယ အစိုးရက မြန်မာအစိုးရကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ၁ သောင်း လှူဒါန်းထောက်ပံ့ပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး ဒုတိယ အကြီးအကဲ ဒေါက်တာ ဆူမစ် ဆတ်က ဆေးသုတေသနဌာန ညွှန်ကြားရေးမှူး ဦးဇော်သန်းထွန်းထံ လွှဲပြောင်းပေးအပ်ခဲ့တာပါ။ အိန္ဒိယအစိုးရကို မြန်မာက ကျေးဇူးတင်ကြောင်းနဲ့ နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေကို မြန်မာဘက်က ပြောကြားခဲ့တယ်လို့ အိန္ဒိယသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အိန္ဒိယ ဆေးပညာသုတေသန ကောင်စီ (ICMR) ရဲ့ အကူအညီနဲ့ မြန်မာ ဆရာဝန်တွေနဲ့ သူနာပြုတွေကို စွမ်းရည်မြှင့် သင်တန်းတွေ ပေးဖို့လည်း အိန္ဒိယအစိုးရက စီစဉ်နေပါတယ်။ အိန္ဒိယအစိုးရဟာ ရန်ကုန်ရှိ ကလေးဆေးရုံနဲ့ စစ်တွေ ဆေးရုံ၊ မုံရွာမှာ တည်ဆောက်တဲ့ ကုတင် ၂၀ဝ ဆံ့ အမျိုးသမီးဆေးရုံတို့ အဆင့်မြှင့်တင်ရေးမှာလည်း ကူညီခဲ့ပါတယ်။