အမျိုးသမီးတွေရဲ့ဘ၀ လုံခြုံစိတ်ချမှု ရှိ၊ မရှိ စစ်တမ်းကောက်မယ် (ရုပ်/သံ)

0
808



အဲ့ဒီ စစ်တမ်းကောက်ယူရရှိတဲ့ အချက်အလက်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ PLAN International Myanmarနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီး စီမံကိန်းတစ်ခုရေးဆွဲသွားမှာဖြစ်ပြီး အမျိုးသမီးတွေရဲ့ဘ၀ တွေ လုံခြုံစိတ်ချရမှုရှိအောင် ဘယ်လိုအကောင်အထည်ဖော်ဆောင်သင့်တယ်ဆိုတာကို ဆက်လက်လုပ်



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမျိုးသမီးတွေရဲ့ဘဝ လုံခြုံစိတ်ချမှု ရှိ၊ မရှိ စစ်တမ်းကောက်မယ်

ရန်ကုန်မြို့က အမျိုးသမီးတွေရဲ့ဘဝ လုံခြုံ စိတ်ချရမှု ရှိ၊ မရှိကို ကားမှတ်တိုင်တွေနဲ့ ဘူတာရုံတွေမှာ PLAN International Myanmar အဖွဲ့က စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်။

ရန်ကုန်မြို့က လှုပ်ရှားသွားလာနေထိုင်ကြတဲ့ အမျိုးသမီးတွေရဲ့ ဘဝတွေ လုံခြုံစိတ်ချရမှု ရှိ၊ မရှိကို အင်းစိန်၊ ဒညင်းဂုန်း၊ ရန်ကုန်ဘူတာကြီး စတဲ့ဘူတာတွေအပြင် လှည်းတန်း၊ မြေနီကုန်းနဲ့ ဆူးလေကားမှတ်တိုင် တွေမှာလည်း PLAN International Myanmar အဖွဲ့က ဦးဆောင်ပြီး အောက်တိုလဘာလ (၉)ရက်နေ့က စစ်တမ်းကောက်ယူခဲ့ပါတယ်။

Sound Bite——–ဒေါ်လင်းလင်းအောင်(စီမံကိန်း ဒါရိုက်တာ)
PLAN International Myanmar အဖွဲ့
အဲ့ဒီ စစ်တမ်းကောက်ယူရရှိတဲ့ အချက်အလက်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ PLAN International Myanmarနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီး စီမံကိန်းတစ်ခုရေးဆွဲသွားမှာဖြစ်ပြီး အမျိူးသမီးတွေရဲ့ဘဝ တွေ လုံခြုံစိတ်ချရမှုရှိအောင် ဘယ်လိုအကောင်အထည်ဖော်ဆောင်သင့်တယ်ဆိုတာကို ဆက်လက်လုပ်
ဆောင်သွားမှာလည်းဖြစ်ပါတယ်။

Sound Bite——–ဒေါ်လင်းလင်းအောင်(စီမံကိန်း ဒါရိုက်တာ)
PLAN International Myanmar အဖွဲ့

ဒီလိုစစ်တမ်းကောက်ယူရာမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နေထိုင်တဲ့ အမျိုးသမီးငယ်တွေအနေနဲ့ တစ်နေ့တာ လှုပ်ရှားသွားလာကြတဲ့အခါ လုံခြံမှုရှိ၊ မရှိ နဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဘယ်နေရာတွေမှာ အမျိုးသမီးတွေအတွက် လုံခြံမှုမရှိသလဲ စတဲ့အချက်တွေကို မေးမြန်းစစ်တမ်းကောက်ယူခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)