မသန္စြမ္းသူေတြ အလုပ္အကုိင္ရရွိဖုိ႔ ခက္ခဲေနဆဲ (႐ုပ္/သံ)

0
899

မသန္စြမ္းသူေတြရဲ႕ ေရရွည္ဘ၀ရပ္တည္မႈအတြက္ အလုပ္အကုိင္ရွာေဖြရာမွာ အခက္အခဲမ်ဴိးစုံနဲ႔ ႀကဳံေတြ႔ေနရတယ္လုိ႔ ျမန္မာႏုိင္ငံမသန္းစြမ္းသူမ်ားအသင္းခ်ဳပ္က ေျပာပါတယ္။ ဒီသတင္းကုိေတာ့ MCN သတင္းေထာက္ မင္းျပည့္ႏုိင္က ေပးပုိ႔ထားပါတယ္။

မသန္းစြမ္းသူေတြရဲ့ ဘ၀ေရရွည္ရပ္တည္မႈအတြက္ အလုပ္အကုိင္ရွာေဖြရာမွာ အခက္အခဲမ်ဳိးစုံနဲ႔ႀကဳံေတြ႕ေနရၿပီး လက္ရွိ မသန္းစြမ္းသူေတြရဲ့ အလုပ္အကုိင္ရရွိမႈ ၂ ရာခုိင္းႏႈန္းခန္႔သာ ရွိေသးတယ္လုိ႔ ျမန္မာႏုိင္ငံ မသန္းစြမ္းသူမ်ားအသင္းခ်ဳပ္ရဲ့ ဒုတိယဥကၠ႒ က ေျပာပါတယ္။

ေအာက္တုိဘာလ ၉ ရက္ေန႔က ရန္ကုန္ၿမဳိ႕ Park Royal ဟုိတယ္မွာ ကုလသမဂၢ မသန္းစြမ္းသူမ်ားအခြင့္ အေရးဆုိင္ရာ ေကာ္မတီကို တင္းသြင္းခဲ့တဲ့ အစီရင္ခံစာနဲ႔ပတ္သက္ၿပီး ျမန္မာႏုိင္ငံမသန္းစြမ္းသူမ်ားအသင္းခ်ဳပ္ နဲ႔ ရန္ကုန္တုိင္းေဒသႀကီးက မသန္းစြမ္းသူေတြ၊မသန္းစြမ္းအဖြဲ႔အစည္းေတြ ေတြ႔ဆုံခဲ့တာျဖစ္ပါတယ္။

အင္တာဗ်ဴး ဦးမုိးဇင္ (ဒုတိယဥကၠ႒)
ျမန္မာႏုိင္ငံ မသန္းစြမ္းသူမ်ားအသင္းခ်ဴပ္

ဒ့ါအျပင္ မသန္းစြမ္းသူေတြရဲ့ ပညာေရး၊ က်န္းမာေရးေတြနဲ႔ သက္ဆုိင္တဲ့ကိစၥရပ္ေတြမွာ အားနည္းခ်က္ေတြ ရွိေနတာေၾကာင့္ သက္ဆုိင္ရာ တာ၀န္ရွိသူေတြအေနနဲ႔ တတ္ႏုိင္သေလာက္ ပံ့ပုိးကူညီေပးဖုိ႔ မသန္းစြမ္းသူေတြ က ေတာင္းဆုိခဲ့ပါတယ္။

အင္တာဗ်ဴး ဦးထြန္းထြန္းလြင္ (ဥကၠ႒)
ေတာင္ဒဂုံၿမဳိ႕နယ္ ေရႊအင္အားမသန္းစြမ္းသူမ်ား ကုိယ့္အားကုိယ္ကုိးကြန္ရက္

ကုလသမဂၢ မသန္းစြမ္းသူမ်ားအခြင့္ အေရးဆုိင္ရာေကာ္မတီကို တင္းသြင္းခဲ့တဲ့ အစီရင္ခံစာမွာ မသန္းစြမ္းသူေတြရရွိရမယ့္ အခြင့္အေရးဆုိင္ရာအခ်က္လက္ေတြကုိ အဓိကထား ေဆြးေႏြးထားတာျဖစ္ၿပီး ကုလသမဂၢ မသန္းစြမ္းသူမ်ားအခြင့္ အေရးဆုိင္ရာ ေဆြးေႏြးပြဲကုိ မၾကာခင္း က်င္းပဖုိ႔ရွိေနတာပါ။ အဲဒီေဆြးေႏြးပြဲမွာ ပါ၀င္ေဆြးေႏြးမယ့္ ကုိယ္စားလွယ္ေတြကုိလည္း ေရြးခ်ယ္ခဲ့ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မသန်စွမ်းသူတွေ အလုပ်အကိုင်ရရှိဖို့ ခက်ခဲနေဆဲ

မသန်စွမ်းသူတွေရဲ့ ရေရှည်ဘဝရပ်တည်မှုအတွက် အလုပ်အကိုင်ရှာဖွေရာမှာ အခက်အခဲမျိူးစုံနဲ့ ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံမသန်းစွမ်းသူများအသင်းချုပ်က ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် မင်းပြည့်နိုင်က ပေးပို့ထားပါတယ်။

မသန်းစွမ်းသူတွေရဲ့ ဘဝရေရှည်ရပ်တည်မှုအတွက် အလုပ်အကိုင်ရှာဖွေရာမှာ အခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေရပြီး လက်ရှိ မသန်းစွမ်းသူတွေရဲ့ အလုပ်အကိုင်ရရှိမှု ၂ ရာခိုင်းနှုန်းခန့်သာ ရှိသေးတယ်လို့ မြန်မာနိုင်ငံ မသန်းစွမ်းသူများအသင်းချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ က ပြောပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကုလသမဂ္ဂ မသန်းစွမ်းသူများအခွင့် အရေးဆိုင်ရာ ကော်မတီကို တင်းသွင်းခဲ့တဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမသန်းစွမ်းသူများအသင်းချုပ် နဲ့ ရန်ကုန်တိုင်းဒေသကြီးက မသန်းစွမ်းသူတွေ၊မသန်းစွမ်းအဖွဲ့အစည်းတွေ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အင်တာဗျူး ဦးမိုးဇင် (ဒုတိယဥက္ကဋ္ဌ)
မြန်မာနိုင်ငံ မသန်းစွမ်းသူများအသင်းချူပ်

ဒါ့အပြင် မသန်းစွမ်းသူတွေရဲ့ ပညာရေး၊ ကျန်းမာရေးတွေနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာ အားနည်းချက်တွေ ရှိနေတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တတ်နိုင်သလောက် ပံ့ပိုးကူညီပေးဖို့ မသန်းစွမ်းသူတွေ က တောင်းဆိုခဲ့ပါတယ်။

အင်တာဗျူး ဦးထွန်းထွန်းလွင် (ဥက္ကဋ္ဌ)
တောင်ဒဂုံမြို့နယ် ရွှေအင်အားမသန်းစွမ်းသူများ ကိုယ့်အားကိုယ်ကိုးကွန်ရက်

ကုလသမဂ္ဂ မသန်းစွမ်းသူများအခွင့် အရေးဆိုင်ရာကော်မတီကို တင်းသွင်းခဲ့တဲ့ အစီရင်ခံစာမှာ မသန်းစွမ်းသူတွေရရှိရမယ့် အခွင့်အရေးဆိုင်ရာအချက်လက်တွေကို အဓိကထား ဆွေးနွေးထားတာဖြစ်ပြီး ကုလသမဂ္ဂ မသန်းစွမ်းသူများအခွင့် အရေးဆိုင်ရာ ဆွေးနွေးပွဲကို မကြာခင်း ကျင်းပဖို့ရှိနေတာပါ။ အဲဒီဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေကိုလည်း ရွေးချယ်ခဲ့ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)