
0
1364




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်အောင်ဆန်းစုကြည် မြန်မာ့ပိုးထည် မြှင့်တင်ရေး အခမ်းအနား တက်ရောက်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က အောက်တိုဘာ ၈ ရက်မှာ အာဆီယံ-ဂျပန် စင်တာက ကြီးမှူးကျင်းပတဲ့ မြန်မာ့ပိုးထည် မြှင့်တင်ရေး အခမ်းအနားကို တက်ရောက်ပါတယ်။

မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်ရေးခေါင်းစဉ်နဲ့ ကျင်းပတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားပါတယ်။

အာဆီယံ-ဂျပန် စင်တာကို ၁၉၈၁ ခုနှစ် မေ ၂၅ ရက်မှာ စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံက ၂၀ဝ၆ ခုနှစ် ဧပြီ ၂၇ ရက်မှာ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေနဲ့ ဂျပန်နိုင်ငံတို့ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်း တိုးမြှင့်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)