
0
917




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မူးယစ်ဆေးဝါး တိုင်ကြားမှု ၃၀ဝ ကျော် အရေးယူပြီး

တိုင်ကြားပေးပို့လာတဲ့ မူးယစ်ဆေးဝါး သတင်းတွေအရ ဖော်ထုတ်ဖမ်းဆီးရမိခဲတဲ့ အမှုပေါင်း ၃၁၆ မှုကို အရေးယူခဲ့ပြီး ဖြစ်ပါတယ်။ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တဲ့ စာရင်းတွေအရ အောက်တိုဘာ ၆ ရက်နေ့အထိ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေးအတွက် ပြည်သူလူထုကနေ ပေးပို့ တိုင်ကြားလာတဲ့ သတင်းအချက်အလက်တွေကို စနစ်တကျ လက်ခံရယူနိုင်ဖို့ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

တိုင်ကြားပေးပို့ထားတဲ့ သတင်းတွေကို ပြန်လည်စီစစ်ဖော်ထုတ် အရေးယူခဲ့တဲ့အပြင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ သီးခြားရရှိထားတဲ့ မူးယစ်ဆေးဝါး သတင်းတွေအပေါ် စိစစ်ဖော်ထုတ်တာတွေ၊ နယ်စပ်ပူးပေါင်း စစ်ဆေးဂိတ်တွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာ၊ နယ်မြေရှင်းလင်းတာ၊ သတင်းအရ ကား၊ ဆိုင်ကယ်တွေကို ရှာဖွေတာစစ်ဆေးတာတွေ စတဲ့နယ်စပ်ဒေသ စစ်ဆေးရေးဂိတ်တိုင်းမှာလည်း ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)