ျမန္မာႏိုင္ငံ ရင္းႏွီးျမဳပ္ႏွံမႈ ျမွင့္တင္ေရး စီမံကိန္းစာအုပ္ မိတ္ဆက္

0
722

၂၀၃၀ ျပည့္ႏွစ္မွာ အလယ္အလတ္ ဝင္ေငြရွိတဲ့ႏိုင္ငံ ျဖစ္လာေစဖို႔သာမက ၂၀၃၅ ခုႏွစ္ထိတိုင္ ထပ္တိုးျဖစ္ထြန္းမႈေတြ ရရွိေစဖို႔ ရည္ရြယ္ၿပီး ျမန္မာႏိုင္ငံအတြက္ လိုအပ္တဲ့ တာဝန္ယူမႈရွိကာ အရည္အေသြး ျပည့္မီတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လက္ေတြ႔ အေကာင္အထည္ေဖာ္ ေဆာင္ရြက္နုိင္ဖို႔ ျမန္မာႏိုင္ငံ ရင္းႏွီးျမွဳပ္ႏွံမႈျမွင့္တင္ေရး စီမံကိန္းစာအုပ္ကုိ မိတ္ဆက္ခဲ့ပါတယ္။

 

ျမန္မာႏိုင္ငံ ရင္းႏွီးျမဳပ္ႏွံမႈ ျမႇင့္တင္ေရး စီမံကိန္းကုိ ႏွစ္ ၂၀ သတ္မွတ္ၿပီး ကာလတုိ၊ ကာလရွည္ စီမံကိန္းအျဖစ္ ရင္းႏွီးျမွဳပ္ႏွံမႈေတြ တုိးတက္ေစဖို႔ ရည္ရြယ္တာလည္း ျဖစ္ပါတယ္။ ကာလတိုမွာ ရင္းႏွီးျမွဳပ္ႏွံမႈ အေနနဲ႔ တစ္ႏွစ္ကို အေမရိကန္ ေဒၚလာ ၅ ဒသမ ၈ ဘီလီယံ လ်ာထားၿပီး ကာလလတ္မွာ တစ္ႏွစ္ကို အေမရိကန္ေဒၚလာ ၈ ဒသမ ၅ ဘီလီယံ လ်ာထားပါတယ္။

ကာလရွည္ ပထမပိုင္းမွာ အေမရိကန္ေဒၚလာ ၁၂ ဒသမ ၃ ဘီလီယံ ေမွ်ာ္မွန္းထားၿပီး ကာလရွည္ ဒုတိယပိုင္း ကာလမွာေတာ့ ၁၇ ဒသမ ၆ ဘီလီယံရရွိဖို႔ ရည္မွန္းခ်က္ထား ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္ အတြင္းေရးမွဴး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေအာင္ႏိုင္ဦးက ေျပာပါတယ္။

ျမန္မာ့စီးပြားေရး ပတ္ဝန္းက်င္တုိးတက္ေရးအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈ ျမႇင့္တင္ေရး အခင္းအက်င္းေတြ၊ ရင္းႏွီးျမႇဳပ္ႏွံမႈ ျမႇင့္တင္ရာမွာ အတားအဆီးအေနနဲ႔ မဟာဗ်ဴဟာေတြကုိ ခိုင္မာတဲ့ ေမခ႐ိုစီးပြားေရး မူဝါဒေတြ ဆက္လက္ ျဖစ္ေပၚေစေရး၊ တုိးတက္မႈရွိတဲ့ စီးပြားေရး ပတ္ဝန္းက်င္တစ္ရပ္နဲ႔ ပြင့္လင္းတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈ မူဝါဒေတြနဲ႔ ခိုင္မာစြာ ျပဳထားတဲ့ ကတိကဝတ္မ်ား၊ စက္မႈဆုိင္ရာ မူဝါဒမ်ား၊ ႏိုင္ငံရဲ႕ျပယုဂ္ကုိ အသုံးျပဳၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈ ျမႇင့္တင္ျခင္း၊ ရင္းႏွီးျမႇဳပ္ႏွံသူ ကာကြယ္ေရး ခုိင္မာေစျခင္းနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ဆက္ႏြယ္တဲ့ လုပ္ထုံးလုပ္နည္းေတြ ေဆာင္ရြက္ျခင္း စတာေတြ ေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းစာအုပ် မိတ်ဆက်

၂၀၃၀ ပြည့်နှစ်မှာ အလယ်အလတ် ဝင်ငွေရှိတဲ့နိုင်ငံ ဖြစ်လာစေဖို့သာမက ၂၀၃၅ ခုနှစ်ထိတိုင် ထပ်တိုးဖြစ်ထွန်းမှုတွေ ရရှိစေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ တာဝန်ယူမှုရှိကာ အရည်အသွေး ပြည့်မီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းစာအုပ်ကို မိတ်ဆက်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းကို နှစ် ၂၀ သတ်မှတ်ပြီး ကာလတို၊ ကာလရှည် စီမံကိန်းအဖြစ် ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်စေဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ ကာလတိုမှာ ရင်းနှီးမြှုပ်နှံမှု အနေနဲ့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ လျာထားပြီး ကာလလတ်မှာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ လျာထားပါတယ်။

ကာလရှည် ပထမပိုင်းမှာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလီယံ မျှော်မှန်းထားပြီး ကာလရှည် ဒုတိယပိုင်း ကာလမှာတော့ ၁၇ ဒသမ ၆ ဘီလီယံရရှိဖို့ ရည်မှန်းချက်ထား ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ်။

မြန်မာ့စီးပွားရေး ပတ်ဝန်းကျင်တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အခင်းအကျင်းတွေ၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရာမှာ အတားအဆီးအနေနဲ့ မဟာဗျူဟာတွေကို ခိုင်မာတဲ့ မေခရိုစီးပွားရေး မူဝါဒတွေ ဆက်လက် ဖြစ်ပေါ်စေရေး၊ တိုးတက်မှုရှိတဲ့ စီးပွားရေး ပတ်ဝန်းကျင်တစ်ရပ်နဲ့ ပွင့်လင်းတဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေနဲ့ ခိုင်မာစွာ ပြုထားတဲ့ ကတိကဝတ်များ၊ စက်မှုဆိုင်ရာ မူဝါဒများ၊ နိုင်ငံရဲ့ပြယုဂ်ကို အသုံးပြုပြီး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်း၊ ရင်းနှီးမြှုပ်နှံသူ ကာကွယ်ရေး ခိုင်မာစေခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်နွယ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ဆောင်ရွက်ခြင်း စတာတွေ ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)