လိႈင္သာယာမွာ အမိုးနီးယားဓာတ္ေငြ႕ ယိုစိမ့္လို႔ ၆ ဦး ေဆး႐ံုတက္ရ

0
713

ရန္ကုန္တိုင္း၊ လိႈင္သာယာၿမိဳ႕နယ္မွာ အမိုးနီးယားဓာတ္ေငြ႔ ယိုစိမ့္မႈေၾကာင့္ အမ်ိဳးသား ၁ ဦးနဲ႔ အမ်ိဳးသမီး ၅ ဦး၊ စုစုေပါင္း ၆ ဦး ေဆး႐ုံတက္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၇ ရက္က လိႈင္သာယာၿမိဳ႕နယ္၊ စက္မႈဇုန္ (၂) ရွိ Gallant Ocean ငါး၊ ပုဇြန္ အေအးခန္း စက္႐ုံမွာ အမိုးနီးယား သိုေလွာင္အိုး ဓာတ္ေငြ႔ျပန္ပိုက္မွာ တပ္ဆင္ထားတဲ့ ဘားခ်ိဳ႕ယြင္းမႈေၾကာင့္ ဓာတ္ေငြ႔ စိမ့္ထြက္မႈ ျဖစ္ေပၚခဲ့တာ ျဖစ္ပါတယ္။

အေအးခန္းမွာ အလုပ္လုပ္ေနသူ ၆ ဦး အသက္႐ႈၾကပ္လာတဲ့အတြက္ လိႈင္သာယာ ျပည္သူ႔ေဆး႐ုံ ကတစ္ဆင့္ ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီးကို လႊဲေျပာင္းကုသမႈ ခံယူခဲ့ရၿပီး ေျမာက္ပိုင္းခ႐ိုင္ မီးသတ္ဦးစီးမႉး ဦးျမင့္ဦးနဲ႔ အဖြဲ႔က ဓာတ္ေငြ႔ယိုစိမ့္မႈမရွိေစေရး လုပ္ေဆာင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လှိုင်သာယာမှာ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်လို့ ၆ ဦး ဆေးရုံတက်ရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၆ ဦး ဆေးရုံတက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်က လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂) ရှိ Gallant Ocean ငါး၊ ပုဇွန် အအေးခန်း စက်ရုံမှာ အမိုးနီးယား သိုလှောင်အိုး ဓာတ်ငွေ့ပြန်ပိုက်မှာ တပ်ဆင်ထားတဲ့ ဘားချို့ယွင်းမှုကြောင့် ဓာတ်ငွေ့ စိမ့်ထွက်မှု ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အအေးခန်းမှာ အလုပ်လုပ်နေသူ ၆ ဦး အသက်ရှုကြပ်လာတဲ့အတွက် လှိုင်သာယာ ပြည်သူ့ဆေးရုံ ကတစ်ဆင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကုသမှု ခံယူခဲ့ရပြီး မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးမြင့်ဦးနဲ့ အဖွဲ့က ဓာတ်ငွေ့ယိုစိမ့်မှုမရှိစေရေး လုပ်ဆောင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)