ဘဂၤါလီ မြတ္စလင္အေရး ကိုင္တြယ္မႈမွာ ပိုၿပီး ပြင့္လင္းျမင္သာေအာင္ လုပ္မယ္

0
925

ဘဂၤါလီ မြတ္စလင္ အၾကပ္အတည္း ကိုင္တြယ္မႈမွာ အစိုးရအေနနဲ႔ ပိုၿပီးပြင့္လင္းျမင္သာေအာင္ လုပ္ေဆာင္မယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ကတိေပးလိုက္ပါတယ္။

အထူးသျဖင့္ ရခိုင္ျပည္နယ္နဲ႔ ပတ္သက္တဲ့ စိန္ေခၚမႈေတြ၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ ႐ုန္းကန္မႈေတြရွိေနတာကို ဝန္ခံရမွာျဖစ္ေၾကာင္း၊ စီးပြားေရး အခြင့္အလမ္းေတြ၊ ရင္းႏွီးျမွဳပ္ႏွံမႈေတြနဲ႔အတူ မိမိတို႔ႏိုင္ငံကို လာေရာက္ ရင္းႏွီးျမွဳပ္ႏွံဖို႔ ၿငိမ္းခ်မ္းေရး၊ ျပန္လည္သင့္ျမတ္ေရး၊ သဟဇာတျဖစ္ေရး၊ တည္ၿငိမ္ေရး၊ တရားဥပေဒ စိုးမိုးေရး၊ လူ႔အခြင့္အေရး အားလံုးကို ထည့္သြင္းစဥ္းစားရမွာ ျဖစ္ေၾကာင္း တိုက်ိဳၿမိဳ႕မွာ ဂ်ပန္စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ မေန႔က စက္တင္ဘာ ၈ ရက္မွာ ေတြ႔ဆံုစဥ္ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

မိတ္ေဆြေတြအေနနဲ႔ ပြင့္လင္းဖို႔၊ ထင္သာျမင္သာရွိဖို႔ ဆႏၵရွိေၾကာင္းနဲ႔ စိတ္ထဲမရွင္းတာ၊ စိုးရိမ္စရာေတြရွိရင္လည္း ပြင့္လင္းစြာ ေဆြးေႏြးဖို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္က ေျပာေၾကာင္း Asian Correspondent သတင္းမွာ ေဖာ္ျပထားပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေဒသတြင္း ထိပ္သီးညီလာခံ တက္ေရာက္ဖို႔ ဂ်ပန္ႏိုင္ငံကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီ မွတ်စလင်အရေး ကိုင်တွယ်မှုမှာ ပိုပြီး ပွင့်လင်းမြင်သာအောင် လုပ်မယ်

ဘင်္ဂါလီ မွတ်စလင် အကြပ်အတည်း ကိုင်တွယ်မှုမှာ အစိုးရအနေနဲ့ ပိုပြီးပွင့်လင်းမြင်သာအောင် လုပ်ဆောင်မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိပေးလိုက်ပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရုန်းကန်မှုတွေရှိနေတာကို ဝန်ခံရမှာဖြစ်ကြောင်း၊ စီးပွားရေး အခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ မိမိတို့နိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံဖို့ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ သဟဇာတဖြစ်ရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး အားလုံးကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ကြောင်း တိုကျိုမြို့မှာ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မနေ့က စက်တင်ဘာ ၈ ရက်မှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မိတ်ဆွေတွေအနေနဲ့ ပွင့်လင်းဖို့၊ ထင်သာမြင်သာရှိဖို့ ဆန္ဒရှိကြောင်းနဲ့ စိတ်ထဲမရှင်းတာ၊ စိုးရိမ်စရာတွေရှိရင်လည်း ပွင့်လင်းစွာ ဆွေးနွေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြောင်း Asian Correspondent သတင်းမှာ ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသတွင်း ထိပ်သီးညီလာခံ တက်ရောက်ဖို့ ဂျပန်နိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)