ရခိုင္တိုင္းရင္းသားေတြ တိုက်ိဳရွိ ျမန္မာသံ႐ံုးမွာ ဆႏၵျပ

0
255

ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ံုးအျပင္ဘက္မွာ ႏိုင္ငံေတာ္ ပုန္ကန္မႈနဲ႔ ဖမ္းဆီးခံထားရတဲ့ ေဒါက္တာ ေအးေမာင္နဲ႔ စာေရးဆရာ ေဝဟင္ေအာင္တို႔ကို လႊတ္ေပးေရး ရခိုင္တိုင္းရင္းသား ၇၀ ခန္႔ မေန႔က ေအာက္တိုဘာ ၈ ရက္မွာ ဆႏၵျပခဲ့ၾကပါတယ္။

မဲေခါင္-ဂ်ပန္ ထိပ္သီးအစည္းအေဝး တက္ေရာက္ဖို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေအာက္တိုဘာလ ၅ ရက္ေန႔ကတည္းက ဂ်ပန္ႏိုင္ငံကို ေရာက္ရွိေနခ်ိန္ အခုလို ဆႏၵျပတာ ျဖစ္တယ္လို႔ RFA သတင္းမွာ ေဖာ္ျပထားပါတယ္။

ဆႏၵျပပြဲကို ရခိုင္လူငယ္မ်ား အစည္းအ႐ံုး (ဂ်ပန္) က ဦးေဆာင္တာ ျဖစ္ၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီလကတည္းက ပုဒ္မ ၃ ခုနဲ႔ အဖမ္းခံထားရတဲ့ သူတို႔ ႏွစ္ဦးကို ျမန္မာအစိုးရက အျမန္ဆံုး လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။ ေဒါက္တာ ေအးေမာင္နဲ႔ ေဝဟင္ေအာင္တုိ႔ဟာ ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕မွာ ေဟာေျပာခဲ့တဲ့ ေျပာၾကားခ်က္ေတြနဲ႔ ပတ္သက္လို႔ ဖမ္းဆီးခံထားရတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်တိုင်းရင်းသားတွေ တိုကျိုရှိ မြန်မာသံရုံးမှာ ဆန္ဒပြ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးအပြင်ဘက်မှာ နိုင်ငံတော် ပုန်ကန်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို လွှတ်ပေးရေး ရခိုင်တိုင်းရင်းသား ၇၀ ခန့် မနေ့က အောက်တိုဘာ ၈ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာလ ၅ ရက်နေ့ကတည်းက ဂျပန်နိုင်ငံကို ရောက်ရှိနေချိန် အခုလို ဆန္ဒပြတာ ဖြစ်တယ်လို့ RFA သတင်းမှာ ဖော်ပြထားပါတယ်။

ဆန္ဒပြပွဲကို ရခိုင်လူငယ်များ အစည်းအရုံး (ဂျပန်) က ဦးဆောင်တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ပုဒ်မ ၃ ခုနဲ့ အဖမ်းခံထားရတဲ့ သူတို့ နှစ်ဦးကို မြန်မာအစိုးရက အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒေါက်တာ အေးမောင်နဲ့ ဝေဟင်အောင်တို့ဟာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှာ ဟောပြောခဲ့တဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)