
0
300

 




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ အယ်လ်စတာ တက္ကသိုလ် ရုပ်သိမ်းဖို့ မရှိ

မြောက် အိုင်ယာလန်ရှိ အယ်လ်စတာ တက္ကသိုလ်က ၂၀ဝ၉ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ပြန်ရုပ်သိမ်းဖို့ အစီအစဉ် မရှိကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်မှုတွေ ရှိနေပေမယ့် အယ်လ်စတာ တက္ကသိုလ် အနေနဲ့ ဘွဲ့ကို ရုပ်သိမ်းဖို့ မရှိဘူးလို့ ပြောဆိုတာ ဖြစ်ပါတယ်။

အယ်လ်စတာ တက္ကသိုလ်က ပညာရှင် မော်နီကာ မက်ခ်ဝီလျံဟာ မကြာသေးမီက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခဲ့ပါတယ်။ ဒါကြောင့် ဂုဏ်ထူးဆောင်ဘွဲ့ ရုပ်သိမ်းဖို့ ရှိ၊ မရှိ သတင်းထောက်တွေက မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)