တစ္ေသာင္းတန္ ေငြစကၠဴအတု အသံုးျပဳသူေတြကို ဖမ္းဆီး

0
326

ပဲခူးတိုင္း၊ မဇင္းရပ္ကြက္၊ အိုးေလးစုပိုင္း၊ (၂) လမ္းသြယ္မွာ ေနထိုင္သူ တစ္ဦးထံကေန ေငြစကၠဴ တစ္ေသာင္းက်ပ္တန္ အတုေတြ          ဖမ္းဆီးရမိခဲ့ပါတယ္။

ေအာက္တိုဘာ ၈ ရက္ေန႔ ည ၇ နာရီမွာ ရဲအုပ္ ေအာင္မိုးလြင္နဲ႔ အဖြဲ႔က သတင္းအရ သြားေရာက္ဖမ္းဆီးရာမွာ သံသယရွိသူ ေအာင္ေက်ာ္ေထြးရဲ႕ ေနအိမ္ကေန ေငြစကၠဴ တစ္ေသာင္းတန္ အတု ၂၃ ရြက္ ေတြ႔ရွိခဲ့ရပါတယ္။

ေအာင္ေက်ာ္ေထြးကို စစ္ေဆးရာမွာ တစ္ေသာင္းတန္ အတုေတြကို လွေမာင္ဆီကေန ၂၅ ရြက္လွ်င္ တစ္သိန္းက်ပ္နဲ႔ ဝယ္ယူခဲ့ေၾကာင္း ထြက္ဆိုတဲ့အတြက္ လွေမာင္ကို ဖမ္းဆီး စစ္ေဆးေနပါတယ္။ အမွတ္ (၂) နယ္ေျမရဲစခန္းမွာ ဗဟိုဘဏ္ ဥပေဒ ပုဒ္မ ၁၀၅/၁၀၆ နဲ႔ အမႈဖြင့္ၿပီး ကြင္းဆက္ေတြကို စစ္ေဆး ေဖာ္ထုတ္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တစ်သောင်းတန် ငွေစက္ကူအတု အသုံးပြုသူတွေကို ဖမ်းဆီး

ပဲခူးတိုင်း၊ မဇင်းရပ်ကွက်၊ အိုးလေးစုပိုင်း၊ (၂) လမ်းသွယ်မှာ နေထိုင်သူ တစ်ဦးထံကနေ ငွေစက္ကူ တစ်သောင်းကျပ်တန် အတုတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ ည ၇ နာရီမှာ ရဲအုပ် အောင်မိုးလွင်နဲ့ အဖွဲ့က သတင်းအရ သွားရောက်ဖမ်းဆီးရာမှာ သံသယရှိသူ အောင်ကျော်ထွေးရဲ့ နေအိမ်ကနေ ငွေစက္ကူ တစ်သောင်းတန် အတု ၂၃ ရွက် တွေ့ရှိခဲ့ရပါတယ်။

အောင်ကျော်ထွေးကို စစ်ဆေးရာမှာ တစ်သောင်းတန် အတုတွေကို လှမောင်ဆီကနေ ၂၅ ရွက်လျှင် တစ်သိန်းကျပ်နဲ့ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုတဲ့အတွက် လှမောင်ကို ဖမ်းဆီး စစ်ဆေးနေပါတယ်။ အမှတ် (၂) နယ်မြေရဲစခန်းမှာ ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်ပြီး ကွင်းဆက်တွေကို စစ်ဆေး ဖော်ထုတ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)