
0
385





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တပ်မတော်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့ဖို့ အမေရိကန်နဲ့ ဥရောပ သမဂ္ဂ စဉ်းစား

အမေရိကန်နဲ့ ဥရောပ သမဂ္ဂဟာ မြန်မာတပ်မတော် ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့မှုတွေ ချမှတ်ဖို့ စဉ်းစားနေပါတယ်။

ရခိုင်ပြည်နယ် အကျပ်အတည်နဲ့ ပတ်သက်လို့ အခုလိုမျိုး စဉ်းစားနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ပိတ်ဆို့မှုချမှတ်ဖို့ ဆွေးနွေးနေဆဲသာဖြစ်ပြီး ဆုံးဖြတ်ချက် မချရသေးပါဘူး၊

ဥရောပ သမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို လာမယ့် အောက်တိုဘာ ၁၆ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီအစည်းအဝေးအတွင်း မြန်မာ တပ်မတော် ခေါင်းဆောင်တွေကို ပိတ်ဆို့မှုတွေ ချမှတ်ရေး ဆွေးနွေးဖွယ် ရှိပါတယ်။

ဝါရှင်တန်မြို့ အခြေစိုက် အမေရိကန် အစိုးရတာဝန်ရှိသူ နှစ်ဦးကလည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား တပ်မတော် ဗိုလ်ချုပ်တွေကို ပစ်မှတ်ထား ပိတ်ဆို့မှုတွေလုပ်ဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)