
0
299



……………….. ။ ။ ……………………

Water Bus ပေါ်မှာ ကွမ်းစား၊ ဆေးလိပ်သောက်ခွင့် မပြု

Yangon Water Bus မှာ စီးနင်းလိုက်ပါမယ့် ခရီးသည်တွေကို ကွမ်းစားခွင့်၊ ဆေးလိပ်သောက်ခွင့် ပြုမှာ မဟုတ်ပါဘူး။

ကွမ်းစားပြီးတော့လည်း သင်္ဘောပေါ်ကို တက်ခွင့် ပေးမှာ မဟုတ်ဘူးလို့ Yangon Water Bus စီမံကိန်း မန်နေဂျာ ကိုထွန်းနိုင်လင်းက ကြေးမုံသတင်းစာကို ပြောထားပါတယ်။

ရေယာဉ်မောင်းနေစဉ်မှာ အားလုံးက ခုံမှာ ထိုင်နေရမှာ ဖြစ်ပြီး မတ်တပ်ရပ်ခွင့်လည်း မပြုပါဘူး။ ခရီးစဉ် ဆုံးရင် ခရီးသည်အားလုံး ကုန်းပေါ် တက်ရမှာ ဖြစ်ပြီး အသွားအပြန် ပတ်စီးတာကိုလည်း လက်မခံပါဘူး။ ခရီးသည်ကိုလည်း ခုံပြည့်သာ လက်ခံပြီး ဝန်ပိုစေမယ့် Over Load လက်ခံမှာ မဟုတ်ဘူးလို့ ကိုထွန်းနိုင်လင်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)