
0
330




……………… ။ ။ ………………..

CB Bank က ငါးမွေးတဲ့ လုပ်ငန်းရှင်တွေကို အစာစရိတ် သိန်း ၂၀ဝ ချေးပေး
ငါးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများအနက် အစာစရိတ်အတွက် အခက်အခဲဖြစ်နေတဲ့ ငါးမွေးမြူသူ တစ်ဦးလျှင် ငွေကျပ် သိန်း ၂ဝဝ ချေးငွေရယူနိုင်မယ့်အစီအစဉ်တရပ်ကို သမဝါယမ ဘဏ်လီမိတက် အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့ CB Bank တာဝန်ရှိသူတဦးက ပြောပါတယ်။
လုပ်ငန်းရှင်က ချေးငွေ ထုတ်ချေးရာမှာ ဘာအပေါင်ပစ္စည်းမှ ထားရှိရန်မလိုဘဲ အမှန်တကယ် လုပ်ငန်းလည်ပတ်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ ထောက်ခံချက်ရယူဖို့ပဲ လိုပါတယ်။

လျှောက်ထားလာတဲ့ ငါးမွေးမြူရေး လုပ်ငန်းရှင်များကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နဲ့CB Bank တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ် စည်းကမ်းချက်များနဲ့ ကိုက်ညီရင် ချေးငွေ ချထားပေးမှာ ဖြစ်ပါတယ်။

အတိုးနှုန်း ဘယ်ရွေ့ဘယ်မျှဆိုတာနဲ့ ပြန်ဆပ်ရမယ့်ကာလ စတဲ့ အသေးစိတ်အချက်အလက် တွေကိုတော့ CB Bank များမှာ သွားရောက်စုံစမ်း မေးမြန်းနိုင်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)