ႏိုင္ငံတကာအဖြဲ႕ေတြနဲ႔ ပူးေပါင္းၿပီး သင္႐ိုးညႊန္းတမ္းသစ္ ေရးဆြဲေန

0
383

မူလတန္း၊ အလယ္တန္း၊ အထက္တန္းသင္ရိုးညႊန္းတမ္းမ်ားကို ႏိုင္ငံတကာအဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းျပီး ျပင္ဆင္ေရးဆြဲေနျပီလို႔ ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္း ႀကီးက ေျပာပါတယ္။

ေအာက္တိုဘာ ၇ ရက္ က ဧရာဝတီတိုင္းေဒသႀကီး၊ ဖ်ာပံုၿမိဳ႕နယ္ ကနိေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္း အဆင့္တိုးျမွင့္ဖြင့္လွစ္ပြဲ အခမ္းအနားမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

သူငယ္တန္းနဲ႔ မူလတန္း သင္ရိုး ညႊန္းတမ္းမ်ား၊ ေက်ာင္းသံုးျပ႒ာန္းစာအုပ္မ်ား၊ ဆရာလမ္းညႊန္စ ာအုပ္မ်ားကို ဂ်ပန္ႏုိင္ငံ JICA နဲ႔ ပူးေပါင္း ေရးဆြဲေနတာျဖစ္ျပီး အလယ္တန္း၊ အထက္တန္း သင္ရိုးညႊန္းတမ္းမ်ားကိုေတာ့ အာရွဖြံ႕ၿဖိဳးေရးဘဏ္(ADB)၊ ဥေရာပ သမဂၢ(EU)တို႔နဲ႔ပူးေပါင္း ေရးဆြဲ ေနတာ ျဖစ္ပါတယ္။

သင္ရိုးညႊန္းတမ္းအသစ္မ်ားမွာ ေက်ာင္းသားဗဟိုျပဳ သင္ၾကားနည္းစနစ္ကို ဦးတည္ ေရးဆြဲထားၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားရဲ႕ စဥ္းစားေ၀ဖန္ပိုင္းျခားႏုိင္တဲ့ စြမ္းရည္၊ တီထြင္ဖန္တီးႏုိင္တဲ့ စြမ္းရည္၊ ခြဲျခမ္းစိတ္ျဖာသံုးသပ္ႏုိင္တဲ့ စြမ္းရည္ စတဲ့ စြမ္းရည္မ်ားကို အသံုးခ်ၿပီး ေလ့လာသင္ ယူႏိုင္ရန္ ေရးဆြဲေနတယ္လို႔လည္း ၀န္ၾကီးက ေျပာခဲ့ပါတယ္။
………………….. ။ ။ ……………………

နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး သင်ရိုးညွှန်းတမ်းသစ် ရေးဆွဲနေ

မူလတန်း၊ အလယ်တန်း၊ အထက်တန်းသင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြင်ဆင်ရေးဆွဲနေပြီလို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးက ပြောပါတယ်။

အောက်တိုဘာ ၇ ရက် က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် ကနိကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

သူငယ်တန်းနဲ့ မူလတန်း သင်ရိုး ညွှန်းတမ်းများ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဆရာလမ်းညွှန်စ ာအုပ်များကို ဂျပန်နိုင်ငံ JICA နဲ့ ပူးပေါင်း ရေးဆွဲနေတာဖြစ်ပြီး အလယ်တန်း၊ အထက်တန်း သင်ရိုးညွှန်းတမ်းများကိုတော့ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ ဥရောပ သမဂ္ဂ(EU)တို့နဲ့ပူးပေါင်း ရေးဆွဲ နေတာ ဖြစ်ပါတယ်။

သင်ရိုးညွှန်းတမ်းအသစ်များမှာ ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ်ကို ဦးတည် ရေးဆွဲထားပြီး ကျောင်းသား၊ ကျောင်းသူများရဲ့ စဉ်းစားဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်၊ တီထွင်ဖန်တီးနိုင်တဲ့ စွမ်းရည်၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်တဲ့ စွမ်းရည် စတဲ့ စွမ်းရည်များကို အသုံးချပြီး လေ့လာသင် ယူနိုင်ရန် ရေးဆွဲနေတယ်လို့လည်း ဝန်ကြီးက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)