၉ လအတွင်း တရုတ်နိုင်ငံကို လူကုန်ကူးမှု ၅၅ မှုနဲ့ အများဆုံးဖြစ်

0
300

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလကနေ စက်တင်ဘာလအထိ ၉ အတောအတွင်း မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု စုစုပေါင်း ၈၉ မှုရှိခဲ့ရာ အဲ့ဒီထဲမှာ တရုတ်တစ်နိုင်ငံတည်းကို လူကုန်ကူးမှု ၅၅ မှုနဲ့ အများဆုံး ဖြစ်ခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်းထုတ်ပြန်ချက်အရ လူကုန်ကူးမှု ၈၉ မှုထဲမှာ ထိုင်းနိုင်ငံကို ၁၃ မှု၊ မလေးရှားနိုင်ငံကို ၅ မှု၊ ပြည်တွင်းမှာ ၁၆ ခုရှိခဲ့ပြီး တရုတ်နိုင်ငံကို ၅၅ မှုနဲ့ အများဆုံး ဖြစ်ပေါ်ခဲ့တာလို့ ဖော်ပြထားတာပါ။

လူကုန်ကူးမှုတွေထဲမှာတော့ လိင်နဲ့ဆိုင်တဲ့ကိစ္စတွေဖြစ်တဲ့ အဓမ္မလက်ထပ်စေမှုက အမှုပေါင်း ၅၀ ခု၊ ပြည့်တန်ဆာပြုခိုင်းစေမှု ၁၅ တို့က အများဆုံး ပါဝင်နေတာကို တွေ့ရတာပါ။ ကျန်တဲ့ အမှုတွေကတော့ အဓမ္မ ခိုင်းစေမှုက ၂၂ မှု၊ ကလေးမွေးစားမှု ၁ မှု၊ ကလေးရောင်းစားမှု ၁ မှု ပါဝင်နေတာဖြစ်ပါတယ်။

Human Trafficking

လူကုန်ကူးခံရသူတွေထဲမှာတော့ အမျိုးသား ၃၃၀ ဦး၊ အမျိုးသမီး ၁၂၉ စုစုပေါင်း ၄၅၉ ဦးရှိတဲ့ထဲက အမျိုးသား ၃၁၁ ဦးနဲ့ အမျိုးသမီး ၉၅ ဦး စုစုပေါင်း ၄၀၆ ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် ၅၃ ဦးကိုတော့ ကင်တင်နိုင်ခဲ့ခြင်း မရှိဘူးလို့လည်း ဖော်ပြထားတာပါ။

ဒီလူကုန်ကူးမှုတွေနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ၂၆၀ ဦးထဲက ၁၇၂ ဦးကို ဖမ်းဆီးရရှိ အရေးယူနိုင်ခဲ့ပေမယ့် ၈၈ ဦးကိုတော့ ဖမ်းဆီးနိုင်ခြင်း မရှိသေးပဲ လွတ်မြောက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကလည်း လိင်နဲ့ဆိုင်တဲ့အမှုတွေဖြစ်တဲ့ အဓမ္မလက်ထပ်ထိမ်းမြားစေမှုက ၇၂ မှုနဲ့ ပြည်တန်ဆာပြုမှုက ၂၂ မှုအပါအ၀င် ကလေးသူငယ်လူကုန်ကူးမှု တစ်ခု စုစုပေါင်း ၁၂၄ မှု ဖြစ်ပေါ်ခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က အိမ်နီးချင်းနိုင်ငံတွေက အာဏာပိုင်တွေနဲ့အတူ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေသလို လူကုန်ကူးခံရသူများ ဘ၀ပြန်လည်ထူထောင်နိုင်ရေး စင်တာတွေကို ဖွင့်လှစ်ဆောင်ရွက်ပေးမှုတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)