လေဖိအားနည်း ရပ်ဝန်းအရှိန်အကြောင့် မိုးတိမ်တောင်နဲ့ လေပြင်းအန္တရာယ် သတိထားဖို့လို

0
306

ဘင်္ဂလားပင်လယ်အောင်အတွင်း ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းအရှိန်အကြောင့် မိုးတိမ်တောင်နဲ့ လေပြင်းအန္တရာယ်သတိထားဖို့ လိုတယ်လို့ မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင် ဆရာဦးထွန်းလွင်က ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကုန်တွင်းပိုင်းကို ၀င်ရောက်သွားခဲ့ပြီဖြစ်ပေမယ့် မြန်မာနိုင်ငံအတွင်း ဒေသ အတော်များများမှာ လေပြင်းတွေ ကျရောက်နိုင်တာ၊ မိုးခြိမ်းတာ၊ လျှပ်စီးလက်တာတွေအပြင် နေရာစိပ်စိပ် မိုးရွာနိုင်ပြီး ဒေသအလိုက် မိုးသည်းထန်နိုင်လို့ဆိုတာပါ။

ဒါကြောင့် မိုးသက်လေပြင်းကျစဉ် မြေပြင် ရေပြင်မှာ အများဆုံးလေတိုက်နှုန်း တစ်နာရီ ၂၅-၃၀ မိုင်နှုန်း ရှိနိုင်လိမ့်မယ်လို့ မိုးလေ၀သဆိုင်ရာ အချက်အလက်တွေကို ကိုးကားပြီး သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာက တဆင့် ဆရာဦးထွန်းလွင်က ခန့်မှန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

M2

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်း နဲ့ ကချင်ပြည်နယ် တို့မှာ လေပြင်းများတိုက်ခတ်နိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်နေတာပါ။

ဒီကနေ့ မနက်ကနေ နောက် (၁၂) နာရီအချိန်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကပချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ထူထပ်စွာဖြစ်ထွန်းနိုင် ချေတွေလည်း ရှိနေတာပါ။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကနေတော့ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်း တိုင်းထွာချက်တွေကို ကိုးကားပြီး လေဖိအားနည်း ရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း ပိုမို အားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

ဒီလေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၄၀ နှုန်း အထိ တိုက်ခက်နိုင်တယ်လို့လည်း ခန့်မှန်းထားတာပါတယ်။

ဒါကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေရှိ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ ကြိုတင်သတိပြု ရှောင်ရှားကြဖို့ကိုလည်း သတိပေးနှိုးဆော်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)