
0
118







AI ရဲ့ နည်းပညာပြိုင်ပွဲမှာ မြန်မာနိုင်ငံ အနှံ့အပြားက တက္ကသိုလ်ကျောင်းသားတွေ ဝင်ရောက်ယှဉ်ပြိုင်


Artificial Intelligence(AI)ရဲ့ နည်းပညာပြိုင်ပွဲမှာ မြန်မာနိုင်ငံ အနှံ့အပြားက တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေး ပို့ထားတာပါ။


AI ရဲ့နည်းပညာတွေကိုအသုံးပြုပြီး လူမှုဘဝတွေမှာအထောက်အကူဖြစ်စေမယ့် Application တွေကို အသုံးပြုလို့ရမယ့်နည်းလမ်းတွေကို ပြိုင်ပွဲအဖြစ် စက်တင်ဘာလ ၇ ရက်နေ့က MICT Hall ထဲမှာ ပြုလုပ်ခဲ့တာပါ။ ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံ အနှံ့အပြားက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။


Soundbite;ဒေါက်တာဝင်းပပ(ပါမောက္ခ) ရန်ကုန်ကွန်ပျူတာတက္ကသိုလ်
ဒီပြိုင်ပွဲကို ဟွာဝေးကနေဦးဆောင်ပြီးတော့ ပါမောက္ခချုပ်များကော်မတီနဲ့ မြန်မာနိုင်ငံကွန်ပျူတာပညာ ရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ဘွဲ့ကြိုကျောင်းသားအဖွဲ့ ၆ ဖွဲ့နဲ့ဘွဲ့လွန်ကျောင်းသားအဖွဲ့ ၅ ဖွဲ့တို့က ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။


Soundbite;မောင်သော်ဇင်ထွန်း (ပထမဆုရှင်) UCS Taungnuအဖွဲ့
ပြိုင်ပွဲမှာ စိုက်ပျိုးသီးနှံတွေပေါ် ကျ ရောက်တဲ့အပင်ဖျက်ပိုးမွှားတွေ အကြောင်းကို ယှဉ်ပြိုင်ခဲ့တဲ့ကျောင်းသားအဖွဲ့နဲ့ ဆွံ့အနားမကြားသူတွေ အတွက် လိုအပ်နေတဲ့လက်သင်္ကေတအကြောင်း ယှဉ်ပြိုင်ခဲ့ကြတဲ့ ဘွဲ့လွန်ကျောင်းသူအဖွဲ့ က ပထမ ဆုရရှိခဲ့ကြပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)