အဖြဲ႔အစည္း ၂၄ ဖြဲ႔က လႊတ္ေတာ္မွာ အလုပ္သမား၊ လယ္သမားဆိုင္ရာ ဥပေဒအႀကံျပဳဖို႔ တင္ျပ

0
66

ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ဳိးသားလႊတ္ေတာ္က ဥကၠ႒ေတြနဲ ႔ေတြ႔ဆံုခြင့္ရရွိဖို႔ အလုပ္သမားနဲ႔ လယ္သမားအဖြဲ႕ ၂၄ ဖြဲ႕က ေတြ႕ဆံုခြင့္ရရွိဖို႔ တင္ျပထားပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးကေပးပို႔ ထားပါတယ္။

လႊတ္ေတာ္အတြင္းမွာ အလုပ္သမားနဲ႔ လယ္သမားဆိုင္ရာဥပေဒေတြကို အႀကံျပဳခ်င္တဲ့ ရည္ရြယ္ခ်က္နဲ႔ အလုပ္ သမားနဲ႔ လယ္သမားအဖဲြ႕အစည္း  ၂၄ ဖြဲ႕က ကိုယ္စားလွယ္ေတြဟာ ၾသဂုတ္လ ၂၂ ရက္က စာတင္ျပေတာင္းဆိုထားတာပါ။ 

အလုပ္သမားနဲ႔ လယ္သမားအဖြဲ႕အစည္းေတြရဲ႕ ေတြ႕ဆံုခြင့္ရရွိဖို႔ စာတင္ျပေတာင္းဆိုတဲ့အေပၚ အမ်ဳိးသား လႊတ္ေတာ္ ဥကၠ႒ မန္း၀င္းခိုင္သန္းက လႊတ္ေတာ္ကာလျဖစ္တာေၾကာင့္ ေတြ႕ဆံုမႈ မျပဳႏိုင္ေသးေၾကာင္း အေၾကာင္းျပန္ၾကားခဲ့တယ္လို႔ ေျပာပါတယ္။

Soundbite ;ဦးသက္ႏွင္းေအာင္(အေထြေထြအတြင္းေရးမွဴးခ်ဳပ္)

ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္၀န္ေဆာင္မႈလုပ္ငန္းေပါင္းစံုအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္

အဲဒီလို ေတြ႕ဆံုခြင့္ရရွိဖို႔ စာတင္ျပေတာင္းဆိုမႈအေပၚ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးတီခြန္ျမတ္ကေတာ့ အေၾကာင္း ျပန္ၾကားတာမရွိေသးဘူးလို႔လည္းေျပာပါတယ္။

အလုပ္သမားအေရး လိုက္ပါေဆာင္ရြက္သူေတြအေနနဲ႔ ေတြ႕ဆံုခြင့္ရရွိဖို႔ တိက်တဲ့အေျဖရရွိမွာသာ အလုပ္သမားေခါင္းေဆာင္ေတြအေနနဲ႔လည္း အဆင္ေျပေအာင္စီစဥ္ရမယ့္ လုပ္ငန္းစဥ္ေတြကို ေဆာင္ရြက္ႏိုင္မွာ ျဖစ္တယ္လို႔ေျပာပါတယ္။

Soundbite ;ဦးသက္ႏွင္းေအာင္(အေထြေထြအတြင္းေရးမွဴးခ်ဳပ္)

ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္၀န္ေဆာင္မႈလုပ္ငန္းေပါင္းစံုအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္

ဥပေဒျပဳေရးအပိုင္းကို ေဆာင္ရြက္ေနတဲ့ အမ်ဳိးသားလႊတ္ေတာ္နဲ႔ ျပည္သူ႔လႊတ္ေတာ္က တာ၀န္ရွိသူေတြအေနနဲ႔ အလုပ္သမားအဖြဲ႕ခ်ဳပ္ေတြ အလုပ္သမားအစုအဖြဲ႕ေခါင္းေဆာင္ေတြကို လက္ခံေတြ႕ဆံုပါက ဥပေဒေၾကာင့္ျဖစ္ ေပၚလာတဲ့ ဆႏၵျပမႈေတြ၊ သပိတ္ေမွာက္မႈေတြကို တစ္နည္းနည္းနဲ႔ ထိန္းခ်ဳပ္ႏိုင္လိမ့္မယ္လို႔ ယူဆ တယ္လို႔လည္း အလုပ္သမားနဲ႔ လယ္သမားအဖြဲ႕အစည္းေတြက ေျပာပါတယ္ရွင္။

အဖွဲ့အစည်း ၂၄ ဖွဲ့က လွှတ်တော်မှာ အလုပ်သမား၊ လယ်သမားဆိုင်ရာ ဥပဒေအကြံပြုဖို့ တင်ပြ


ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဥက္ကဋ္ဌတွေနဲ ့တွေ့ဆုံခွင့်ရရှိဖို့ အလုပ်သမားနဲ့ လယ်သမားအဖွဲ့ ၂၄ ဖွဲ့က တွေ့ဆုံခွင့်ရရှိဖို့ တင်ပြထားပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးကပေးပို့ ထားပါတယ်။


လွှတ်တော်အတွင်းမှာ အလုပ်သမားနဲ့ လယ်သမားဆိုင်ရာဥပဒေတွေကို အကြံပြုချင်တဲ့ ရည်ရွယ်ချက်နဲ့ အလုပ် သမားနဲ့ လယ်သမားအဖွဲ့အစည်း ၂၄ ဖွဲ့က ကိုယ်စားလှယ်တွေဟာ သြဂုတ်လ ၂၂ ရက်က စာတင်ပြတောင်းဆိုထားတာပါ။
အလုပ်သမားနဲ့ လယ်သမားအဖွဲ့အစည်းတွေရဲ့ တွေ့ဆုံခွင့်ရရှိဖို့ စာတင်ပြတောင်းဆိုတဲ့အပေါ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက လွှတ်တော်ကာလဖြစ်တာကြောင့် တွေ့ဆုံမှု မပြုနိုင်သေးကြောင်း အကြောင်းပြန်ကြားခဲ့တယ်လို့ ပြောပါတယ်။


Soundbite ;ဦးသက်နှင်းအောင်(အထွေထွေအတွင်းရေးမှူးချုပ်)
မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
အဲဒီလို တွေ့ဆုံခွင့်ရရှိဖို့ စာတင်ပြတောင်းဆိုမှုအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကတော့ အကြောင်း ပြန်ကြားတာမရှိသေးဘူးလို့လည်းပြောပါတယ်။


အလုပ်သမားအရေး လိုက်ပါဆောင်ရွက်သူတွေအနေနဲ့ တွေ့ဆုံခွင့်ရရှိဖို့ တိကျတဲ့အဖြေရရှိမှာသာ အလုပ်သမားခေါင်းဆောင်တွေအနေနဲ့လည်း အဆင်ပြေအောင်စီစဉ်ရမယ့် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ပြောပါတယ်။
Soundbite ;ဦးသက်နှင်းအောင်(အထွေထွေအတွင်းရေးမှူးချုပ်)
မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
ဥပဒေပြုရေးအပိုင်းကို ဆောင်ရွက်နေတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က တာဝန်ရှိသူတွေအနေနဲ့ အလုပ်သမားအဖွဲ့ချုပ်တွေ အလုပ်သမားအစုအဖွဲ့ခေါင်းဆောင်တွေကို လက်ခံတွေ့ဆုံပါက ဥပဒေကြောင့်ဖြစ် ပေါ်လာတဲ့ ဆန္ဒပြမှုတွေ၊ သပိတ်မှောက်မှုတွေကို တစ်နည်းနည်းနဲ့ ထိန်းချုပ်နိုင်လိမ့်မယ်လို့ ယူဆ တယ်လို့လည်း အလုပ်သမားနဲ့ လယ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)