
0
93




ငြိမ်းချမ်းရေးကို လူကြည့်ကောင်းရုံ ဟန်ပြမဟုတ်ဘဲ တကယ့်စိတ်ရင်းနဲ့ ဆောင်ရွက်ဖို့ တိုက်တွန်း


ငြိမ်းချမ်းရေးကို လူကြည့်ကောင်းရုံ ဟန်ပြမဟုတ်ဘဲ တကယ့်စိတ်ရင်းနဲ့ ဆောင်ရွက်ဖို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။


ငြိမ်းချမ်းရေးကို တကယ်လုပ်ပါ၊ လူထုကို မလှည့်စားပါနဲ့ ခေါင်းစဉ်နဲ့ နိုင်ငံရေးအမြင် သုံးသပ်ချက် ထုတ်ပြန်ရာမှာ လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီက ထည့်သွင်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။


ပြည်သူတွေကို မျက်နှာမူပြီး ငြိမ်းချမ်းရေးကို အလေးအနက် အာရုံထားပြီး ဆွေးနွေးအဖြေရှာဖို့ တောင်းဆိုကြောင်းနဲ့ လူကြည့်ကောင်းရုံ ဟန်ပြမဟုတ်ဘဲ လူထုတွေ သွေးမျက်ရည်တစ်စက်မှ ထပ်ပြီး မကျရတော့အောင် တကယ့်စိတ်ရင်းနဲ့ ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)