ပြည်ပရင်းနှီး မြှုပ်နှံမှုတွေကြောင့် ပြည်တွင်းမှာ ကျွမ်းကျင်လုပ်သား အသင့်ဖြစ်နေဖို့ လိုအပ်

0
84










ပြည်ပရင်းနှီးမြှပ်နှံမှုတွေကြောင့် ပြည်တွင်းမှာ ကျွမ်းကျင်လုပ်သား အသင့်ဖြစ်နေဖို့ လိုအပ်


ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကြောင့် ပြည်တွင်းမှာ ကျွမ်းကျင်လုပ်သားတွေ အသင့်ဖြစ်နေဖို့ လိုအပ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးကပေးပို့ ထားပါတယ်။


ပြည်ပရင်းနှီးမြှပ်နှံသူတွေရဲ့ ကျွမ်းကျင်လုပ်သားရှားပါးတယ်ဆိုတဲ့ စိန်ခေါ်မှုတွေရှိနေတာကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေများပြားလာတာနဲ့အမျှ ကျွမ်းကျင်လုပ်သား လိုအပ်ချက်တွေ ရှိနေတာပြီး ကျွမ်းကျင်လုပ်သားတွေ အသင့်ဖြစ်နေဖို့ လိုအပ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကပြောပါတယ်။


စက်တင်ဘာလ ၇ ရက်နေ့က မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု စံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) က အမျိုးသားအဆင့် လုပ်သား များ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်တဲ့ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးက အခုလိုပြောခဲ့တာပါ။


Soundbite ဦးသိန်းဆွေ (ပြည်ထောင်စုဝန်ကြီး)
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန


ဒါအပြင် လူစွမ်းအားအရင်းအမြစ် တွေဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးနိုင်ဖို့အတွက် ပညာရေးကဏ္ဍဖြစ်တဲ့ သက်မွေးပညာရပ်တွေကိုပါ ပြုပြင်ပြောင်းလဲသွားရမှာဖြစ်တယ်လို့လည်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ စွမ်းအား အရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီးကပြောပါတယ်။


Soundbite ဒေါ်မိုးမိုးစုကြည် (ဝန်ကြီး)
လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန


မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု စံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အနေနဲ့ ၆နှစ်တာ ကာလ အတွင်း အလုပ်အကိုင် ၂၃မျိုးကနေ အရည်အချင်းပြည့်မှီတဲ့ အမျိုးသားအဆင့် ကျွမ်းကျင်လုပ်သား တစ်သောင်းကျော်ကို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားတာလည်း ဖြစ်ပါတယ်ရှင်။ (

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)