
0
96




စာမတတ်သူ ၃ သန်းခွဲ ရှိနေတာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေ


၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနဲ့ နောက်ဆက်တွဲ အစီရင်ခံစာအရ အသက် ၁၅ နှစ်နဲ့အထက် စာမတတ်သူပေါင်း ၃ ဒသမ ၅ သန်းခန့် ရှိနေခြင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားလိုက်ပါတယ်။


စက်တင်ဘာလ ၈ ရက်နေ့က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ နိုင်ငံတကာ စာတတ်မြောက် ရေးနေ့ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။


ဒါအ့ပြင် ဖွံ့ဖြိုးမှုအညွှန်းကိန်း တိုးတက်နိုင်ရေးအတွက် စာတတ်မြောက်ရေး လုပ်ငန်းဟာ နိုင်ငံဖွံ့ဖြိုးရေးမှာ အခန်းကဏ္ဍတစ်ရပ် အနေနဲ့ အရေးကြီးကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)