
0
108

အဂတိလိုက်စားမှုနဲ့ စွပ်စွဲ ထိန်းသိမ်းခံနေရတဲ့ အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင်ဇော်ကို ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့က  အင်းစိန်မြို့နယ်တရားရုံးမှာ ပထမဦးဆုံး ရုံးထုတ်ခဲ့ပါတယ်။



အင်းစိန် BPI စက်ရုံးမှူးရုံးထုတ်မှာ ဝန်ထမ်း ၁၀ဝ ကျော် လာရောက်ဝန်းရံ


အဂတိလိုက်စားမှှုုနဲ့ စွပ်စွဲ ထိန်းသိမ်းခံနေရတဲ့ အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင်ဇော်ကို ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့က အင်းစိန်မြို့နယ်တရားရုံးမှာ ပထမဦးဆုံး ရုံးထုတ်ခဲ့ပါတယ်။


အဲ့ဒီ ရုံးထုတ်မှာ ယူနီဖောင်း အပြည့်အစုံ ဝတ်ထားတဲ့ BPI စက်ရုံ ဝန်ထမ်း ၁၀ဝ ကျော်က လာရောက် ဝန်းရံခဲ့ပါတယ်။


ဆေးဝါးပစ္စည်းထုပ်ပိုးရာမှာ သုံးတဲ့ ကော်စေ့ ၂၆ တန်ကို လုပ်ထုံး၊ လုပ်နည်းနဲ့ မညီဘဲ ဝယ်ယူခဲ့တယ်ဆိုပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဒေါက်တာ အောင်ဇော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ အင်းစိန်မြို့မ ရဲစခန်းမှာ စက်တင်ဘာလ ၆ ရက်က အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)