ေျမာက္ပိုင္း အဖြဲ႔ေတြ တစ္လ အပစ္ရပ္မယ္လို႔ ထုတ္ျပန္ေၾကညာ

0
120

ေျမာက္ပိုင္း မဟာမိတ္သံုးဖြဲ႔ျဖစ္တဲ့ ကိုးကန္႔အဖြဲ႔ (MNDAA)၊ တအာင္းလက္နက္ကိုင္အဖြဲ႔(TNLA) နဲ႔ ရခိုင္အဖြဲ႔ (AA) တို႔က တစ္လတာ အပစ္အခတ္ရပ္ဆိုင္းမယ္လို႔ စက္တင္ဘာလ ၉ ရက္ေန႔ ဒီကေန႔မွာ ထုတ္ျပန္ ေၾကညာလိုက္ပါတယ္။

ဒီကေန႔ စက္တင္ဘာ လ ၉ ရက္ေန႔ ကေန ေအာက္တိုဘာလ ၈ ရက္ေန႔အထိ တစ္လ အပစ္ရပ္ဆိုင္းမွာျဖစ္ၿပီး ျပည္တြင္းစစ္ပြဲရပ္တန္႔ၿပီး ေတြ႔ဆံုေဆြးေႏြးညွိႏိႈင္းေရး လုပ္ငန္းေတြမွာ လက္ေတြ႔က်က် ေဆာင္ရြက္ႏိုင္ဖို႔ အတြက္ အခုလို ရပ္တန္႔ခဲ့တာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၾသဂုတ္လ ၃၁ ရက္ေန႔က အစိုးရနဲ႕ ေျမာက္ပိုင္းမဟာမိတ္ေလးဖြဲ႔တို႔ အပစ္ရပ္စဲေရးအတြက္ ေတြ႔ဆံုေဆြးေႏြးမႈ အၿပီးမွာ တပ္မေတာ္ဘက္က လည္း  အပစ္ရပ္သက္တမ္းကို ထပ္တိုးမႈ ေၾကညာခဲ့တာျဖစ္ပါတယ္။

မြောက်ပိုင်း အဖွဲ့တွေ တစ်လ အပစ်ရပ်မယ်လို့ ထုတ်ပြန်ကြေညာ

မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့(TNLA) နဲ့ ရခိုင်အဖွဲ့ (AA) တို့က တစ်လတာ အပစ်အခတ်ရပ်ဆိုင်းမယ်လို့ စက်တင်ဘာလ ၉ ရက်နေ့ ဒီကနေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။


ဒီကနေ့ စက်တင်ဘာ လ ၉ ရက်နေ့ ကနေ အောက်တိုဘာလ ၈ ရက်နေ့အထိ တစ်လ အပစ်ရပ်ဆိုင်းမှာဖြစ်ပြီး ပြည်တွင်းစစ်ပွဲရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းတွေမှာ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ဖို့ အတွက် အခုလို ရပ်တန့်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


သြဂုတ်လ ၃၁ ရက်နေ့က အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ အပစ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးမှု အပြီးမှာ တပ်မတော်ဘက်က လည်း အပစ်ရပ်သက်တမ်းကို ထပ်တိုးမှု ကြေညာခဲ့တာဖြစ်ပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)