ဘဂၤါလီ ျဖစ္ေနတဲ့ တကၠသိုလ္ေက်ာင္းသူကို ေက်ာင္းတက္ခြင့္ ဆိုင္းငံ့ထား

0
218

သတင္းမီဒီယာေတြမွာ ျမန္မာႏိုင္ငံက လာတဲ့ ဘဂၤါလီ ဒုကၡသည္လို႔ ေဖာ္ျပတဲ့အတြက္ တကၠသိုလ္ ေက်ာင္းသူကို ေက်ာင္းတက္ခြင့္ ဆိုင္းငံ့ထားလိုက္ပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ေကာက္ဘဇားရွိ ေကာက္ဘဇား ႏိုင္ငံတကာ တကၠသိုလ္ (CBIU) ဟာ အသက္ ၂၀ အရြယ္  တကၠသိုလ္ေက်ာင္းသူ ရာဟီမာ အက္တာ ခူရွီကို ေက်ာင္းတက္ခြင့္ ဆိုင္းငံ့ထားလိုက္ၿပီး ဒုကၡသည္စခန္းက ဘဂၤါလီ မြတ္စလင္ ဒုကၡသည္တစ္ေယာက္ တကၠသိုလ္ တက္ခြင့္ရေနတဲ့အေပၚ စံုစမ္းစစ္ေဆးမယ္လို႔ တကၠသိုလ္ရဲ႕ ဒုတိယ အဓိပတိ အဘူလ္ ကာရွမ္က စက္တင္ဘာလ ၈ ရက္ေန႔မွာ ေျပာပါတယ္။

စံုစမ္းစစ္ေဆးဖို႔ အဖြဲ႔ဝင္ သံုးဦးပါ ေကာ္မတီကို ဖြဲ႔စည္းလိုက္ပါတယ္။ ဘဂၤါလီ မြတ္စလင္ေတြဟာ ဒုကၡသည္ျဖစ္တဲ့အတြက္ တကၠသိုလ္ တက္ခြင့္ မရွိေၾကာင္း၊ ႏိုင္ငံသား မဟုတ္သူေတြဟာ ပညာသင္ၾကားခြင့္ ရွိေပမယ့္ လုပ္ထံုးလုပ္နည္းအတိုင္း လိုက္နာဖို႔ လိုေၾကာင္း မစၥတာ ကာရွမ္က ေျပာပါတယ္။

အေထာက္အထားေတြအရ ဥပေဒပညာ သင္ယူေနတဲ့ ခူရွီဟာ စစ္တေကာင္းကေန အထက္တန္း ေအာင္ျမင္ခဲ့ေၾကာင္းလည္း မစၥတာ ကာရွမ္က ေျပာပါတယ္။ AP သတင္းဌာနက ေကာက္ဘဇားရွိ ဒုကၡသည္စခန္းမွာ ၂၀၁၈ ခုႏွစ္တုန္းက ခူရွီကို အင္တာဗ်ဴးခဲ့ရာ ခူရွီဟာ ဘဂၤါလီ ဒုကၡသည္ျဖစ္တယ္ဆိုတာ ေပၚေပါက္လာလို႔ အခုလို တကၠသိုလ္တက္ခြင့္ ဆိုင္းငံ့ခံလိုက္ရတာ ျဖစ္ပါတယ္။

ဘင်္ဂါလီ ဖြစ်နေတဲ့ တက္ကသိုလ်ကျောင်းသူကို ကျောင်းတက်ခွင့် ဆိုင်းငံ့ထား


သတင်းမီဒီယာတွေမှာ မြန်မာနိုင်ငံက လာတဲ့ ဘင်္ဂါလီ ဒုက္ခသည်လို့ ဖော်ပြတဲ့အတွက် တက္ကသိုလ် ကျောင်းသူကို ကျောင်းတက်ခွင့် ဆိုင်းငံ့ထားလိုက်ပါတယ်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ကောက်ဘဇား နိုင်ငံတကာ တက္ကသိုလ် (CBIU) ဟာ အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူ ရာဟီမာ အက်တာ ခူရှီကို ကျောင်းတက်ခွင့် ဆိုင်းငံ့ထားလိုက်ပြီး ဒုက္ခသည်စခန်းက ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တစ်ယောက် တက္ကသိုလ် တက်ခွင့်ရနေတဲ့အပေါ် စုံစမ်းစစ်ဆေးမယ်လို့ တက္ကသိုလ်ရဲ့ ဒုတိယ အဓိပတိ အဘူလ် ကာရှမ်က စက်တင်ဘာလ ၈ ရက်နေ့မှာ ပြောပါတယ်။


စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဝင် သုံးဦးပါ ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။ ဘင်္ဂါလီ မွတ်စလင်တွေဟာ ဒုက္ခသည်ဖြစ်တဲ့အတွက် တက္ကသိုလ် တက်ခွင့် မရှိကြောင်း၊ နိုင်ငံသား မဟုတ်သူတွေဟာ ပညာသင်ကြားခွင့် ရှိပေမယ့် လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာဖို့ လိုကြောင်း မစ္စတာ ကာရှမ်က ပြောပါတယ်။
အထောက်အထားတွေအရ ဥပဒေပညာ သင်ယူနေတဲ့ ခူရှီဟာ စစ်တကောင်းကနေ အထက်တန်း အောင်မြင်ခဲ့ကြောင်းလည်း မစ္စတာ ကာရှမ်က ပြောပါတယ်။ AP သတင်းဌာနက ကောက်ဘဇားရှိ ဒုက္ခသည်စခန်းမှာ ၂၀၁၈ ခုနှစ်တုန်းက ခူရှီကို အင်တာဗျူးခဲ့ရာ ခူရှီဟာ ဘင်္ဂါလီ ဒုက္ခသည်ဖြစ်တယ်ဆိုတာ ပေါ်ပေါက်လာလို့ အခုလို တက္ကသိုလ်တက်ခွင့် ဆိုင်းငံ့ခံလိုက်ရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)