ရန္ကုန္တုိင္းရဲတပ္ဖြဲ႔  ဘဂၤလီ  ၄ ဦးကို ဖမ္းဆီး

0
388

စက္တင္ဘာလ ၉ ရက္ေန႔ နံနက္ ၂ နာရီခြဲအခ်ိန္ခန္႔က မရမ္းကုန္း ၿမိဳ႕နယ္မွာ ဘဂၤလီ ၄ ဦးကုိဖမ္းမိခဲ့တယ္လို႔ ရန္ကုန္တုိင္းေဒသႀကီး     ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။

မရမ္းကုန္းၿမိဳ႕နယ္ ၄ ရပ္ကြက္၊ ျပည္လမ္း၊ Ocean ကုန္တုိက္ေရွ႕အေရာက္မွာ အင္းစိန္ၿမိဳ႕နယ္ဘက္မွ မရမ္းကုန္းၿမိဳ႕နယ္ဘက္ကို        လမ္းေလွ်ာက္လာတဲ့အမ်ဳိးသား ၂ ဦးကို စစ္ေဆးခဲ့ရာ  ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ အေပါက္၀ေက်းရြာေန အဒူေရာ္ေစာင္၊(၂၀)ႏွစ္၊ (ဘ)အဒူေဂၚနီ၊ဘဂၤလီ/မြတ္ဆလင္/အစၥလာမ္ႏွင့္ ၀က္ေခါင္းေက်းရြာေန ေဟာ္မင္၊(၁၈)ႏွစ္၊ (ဘ)လာမုိဟားမား၊ ဘဂၤလီ/မြတ္ဆလင္/အစၥလာမ္တုိ႔ ၂ ဦးတုိ႔မွာ တရားမ၀င္ေရာက္လာေၾကာင္း စစ္ေဆးေတြ႕ရွိ ဖမ္းမိခဲ့ပါတယ္။

ဒါအျပင္ မရမ္းကုန္းၿမိဳ႕နယ္၊ (၃)ရပ္ကြက္၊ေအာင္မဂၤလာ(၂)လမ္း၊ လမ္းသြယ္(၃)မွာ တရားမ၀င္ေရာက္ရွိလာတဲ့ဘဂၤလီတစ္ဦးကို ေတြ႕ရွိစစ္ေဆးရာ ရခုိင္ျပည္နယ္၊ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေပါင္းတုတ္ေက်းရြာေန ေဖာ္ေဇာ္ေရာ္ဟိန္း၊(၁၈)ႏွစ္၊ (ဘ)မုိဟာမက္အီစမန္၊ ဘဂၤလီ/ မြတ္ဆလင္/အစၥလာမ္ဆုိသူကို ေတြ႕ရွိဖမ္းဆီးရမိခဲ့ပါတယ္။

မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္(၃)ရပ္ကြက္၊ဗုိလ္ခ်ဳပ္လမ္း၊ အမွတ္(၃၇၁)ရွိ ေနအိမ္ျခံစည္းရုိးအတြင္း တုိး၀င္ေတဲ့  ဘဂၤလီတစ္ဦးေတြ႕ရွိရၿပီး  စစ္ေဆးရာ ရခုိင္ျပည္နယ္၊ေက်ာက္ေတာ္ၿမိဳ႕နယ္၊ အေပါက္၀ေက်းရြာေန ဟာေဆာင္း၊ (၁၆)ႏွစ္၊(ဘ)ဂီလမာမန္႔၊ မြတ္ဆလင္/အစၥလာမ္ဆုိသူကို ျဖစ္ၿပီးစံုစမ္းစစ္ေဆးရာ တရားမဝင္ေရာက္ရွိလာသူျဖစ္လို႔ ထပ္မံဖမ္းဆီးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဘင်္ဂလီ ၄ ဦးကို ဖမ်းဆီး

စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်ခန့်က မရမ်းကုန်း မြို့နယ်မှာ ဘင်္ဂလီ ၄ ဦးကိုဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မရမ်းကုန်းမြို့နယ် ၄ ရပ်ကွက်၊ ပြည်လမ်း၊ Ocean ကုန်တိုက်ရှေ့အရောက်မှာ အင်းစိန်
မြို့နယ်ဘက်မှ မရမ်းကုန်းမြို့နယ်ဘက်ကို လမ်းလျှောက်လာတဲ့အမျိုးသား ၂ ဦးကို စစ်ဆေးခဲ့ရာ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာနေ အဒူရော်စောင်၊(၂၀)နှစ်၊ (ဘ)အဒူဂေါ်နီ၊
ဘင်္ဂလီ/မွတ်ဆလင်/အစ္စလာမ်နှင့် ဝက်ခေါင်းကျေးရွာနေ ဟော်မင်၊(၁၈)နှစ်၊ (ဘ)လာမိုဟားမား၊ ဘင်္ဂလီ/မွတ်ဆလင်/အစ္စလာမ်တို့ ၂ ဦးတို့မှာ တရားမဝင်ရောက်လာကြောင်း စစ်ဆေးတွေ့ရှိ ဖမ်းမိခဲ့ပါတယ်။

ဒါအပြင် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊အောင်မင်္ဂလာ(၂)လမ်း၊ လမ်းသွယ်(၃)မှာ တရားမဝင်ရောက်ရှိလာတဲ့ဘင်္ဂလီတစ်ဦးကို တွေ့ရှိစစ်ဆေးရာ ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ ပေါင်းတုတ်ကျေးရွာနေ ဖော်ဇော်ရော်ဟိန်း၊(၁၈)နှစ်၊ (ဘ)မိုဟာမက်အီစမန်၊ ဘင်္ဂလီ/ မွတ်ဆလင်/အစ္စလာမ်ဆိုသူကို တွေ့ရှိဖမ်းဆီးရမိခဲ့ပါတယ်။မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊
ဗိုလ်ချုပ်လမ်း၊ အမှတ်(၃၇၁)ရှိ နေအိမ်ခြံစည်းရိုးအတွင်း တိုးဝင်တေဲ့ ဘင်္ဂလီတစ်ဦးတွေ့ရှိရပြီး စစ်ဆေးရာ ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာနေ ဟာဆောင်း၊ (၁၆)နှစ်၊
(ဘ)ဂီလမာမန့်၊ မွတ်ဆလင်/အစ္စလာမ်ဆိုသူကို ဖြစ်ပြီးစုံစမ်းစစ်ဆေးရာ တရားမဝင်ရောက်ရှိလာသူဖြစ်လို့ ထပ်မံဖမ်းဆီးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)