
0
427
အဲဒီ ကောလာဟလသတင်းကြောင့် ဖျာပုံမြို့ပေါ်က တခြား ကျောင်းရှေ့တွေမှာလည်း မိဘတွေ စုရုံးရောက်ရှိလာကြတဲ့အတွက် တာဝန်ရှိသူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က ပြည်သူလူ မစိုးရိမ်ဖို့နဲ့ ဒီသတင်းဟာ ကောလာဟလသာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
…………………………………။ ။ ………………………………..
ဖျာပုံ အထက်တန်းကျောင်း မီးရှို့ခံရတယ်လို့ ကောလာဟလ သတင်း ထွက်ပေါ်
ဖျာပုံမြို့ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း မီးရှို့ခံရတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက်ကြောင့် ကျောင်းသားမိဘတွေနဲ့ ပြည်သူတွေ စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ရပါတယ်။

အဲဒီ ကောလာဟလသတင်းကြောင့် ဖျာပုံမြို့ပေါ်က တခြား ကျောင်းရှေ့တွေမှာလည်း မိဘတွေ စုရုံးရောက်ရှိလာကြတဲ့အတွက် တာဝန်ရှိသူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က ပြည်သူလူထု မစိုးရိမ်ဖို့နဲ့ ဒီသတင်းဟာ ကောလာဟလသာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ရတာပါ။

ဖျာပုံခရိုင်အတွင်းရှိ ကျန်မြို့နယ်တွေဖြစ်တဲ့ ဘိုကလေးမြို့ နဲ့ ကျိုက်လက်မြို့မှာလည်း ဒီကောလာဟလ သတင်းဟာ တစ်ချိန်တည်း တစ်ပြိုင်တည်း ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)