
0
385



နေပြည်တော်မှာ သံရုံးဖွင့်မယ်လို့ ကတိက၀တ်ပြုထားတဲ့ နိုင်ငံတွေကို ယာယီသံရုံးခွဲဖွင့်ခွင့်ပြုတာဖြစ်ပြီး လောလောဆယ် တရုတ်နဲ့ အမေရိကန်တို့ကို သံရုံးဖွင့်ခွင့်ပြုထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
………………………………………………………..။ ။ …………………………………………………………….

တရုတ်ယာယီသံရုံး နေပြည်တော်မှာ ဖွင့်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နေပြည်တော်ယာယီသံရုံးခွဲ ဖွင့်ပွဲအ ခမ်းအနားကို စက်တင်ဘာ၈ရက်က နေပြည်တော်ရှိ ယာယီသံရုံးခွဲ ဖွင့်လှစ်မယ့် Grand ACE Villa မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ နေပြည်တော်မှာ ပထမဆုံးသံရုံးခွဲဖွင့်တာဖြစ်ပြီး ဆက်လက်ပြီး တရုတ်သံရုံးတည်ဆောက်ဖွင့်လှစ်သွားမှာလည်း ဖြစ်တယ်၊အခုလို ယာယီသံရုံးခွဲကို နေပြည်တော်မှာ ဖွင့်လှစ်နိုင်တာဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးတဲ့ အဓိပ္ပါယ်ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang က ပြောပါတယ်။
နေပြည်တော်မှာ သံရုံးဖွင့်မယ်လို့ ကတိကဝတ်ပြုထားတဲ့ နိုင်ငံတွေကို ယာယီသံရုံးခွဲဖွင့်ခွင့်ပြုတာဖြစ်ပြီး လောလောဆယ် တရုတ်နဲ့ အမေရိကန်တို့ကို သံရုံးဖွင့်ခွင့်ပြုထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းအရ သိရပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)