
0
286


(USA)
………………………………………………။ ။ …………………………………………………..

ရခိုင်မှာ အကြမ်းဖက်သမား ၅၀ ဖမ်းမိထား
ရခိုင်ပြည်နယ် မောင်တောမှာ သြဂုတ် ၂၅ ရက်ကနေ စက်တင်ဘာ ၇ ရက်အထိ ARSA အစွန်းရောက်အကြမ်းဖက်သမား ၅၀ ဖမ်းမိထားပြီး ဥပဒေနဲ့အညီ စစ်ဆေးနေတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ခြမ်းဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်မှာ ပါဝင်ခဲ့ကြတဲ့ ARSA အစွန်းရောက် အကြမ်းဖက်သမားများအနက် သြဂုတ် ၂၅ ရက်နေ့မှာ ၂ ဦး၊ သြဂုတ် ၂၉ ရက်နေ့မှာ ၂ ဦး၊ သြဂုတ် ၃၀ ရက်နေ့မှာ ၄ ဦး၊ သြဂုတ် ၃၁ ရက်နေ့မှာ ၇ ဦး၊ စက်တင်ဘာ ၂ ရက်နေ့မှာ ၁ ဦး၊ စက်တင်ဘာ ၃ ရက်နေ့မှာ ၁၂ ဦး၊ စက်တင်ဘာ ၅ ရက်နေ့မှာ ၃ ဦး၊ စက်တင်ဘာ ၆ ရက်နေ့မှာ ၆ ဦး၊ စက်တင်ဘာ ၇ ရက်နေ့မှာ ၁၃ ဦး၊ စုစုပေါင်း ၅၀ ဦး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာနယ်မြေ ရဲစခန်းများမှာ ဥပဒေနဲ့ အညီ စစ်ဆေးနေတာ ဖြစ်ပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)