ရွေးကောက်ပွဲ လေ့လာလိုသူတွေ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကော်မရှင်ကြေညာ

0
328

နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲတွေကို လေ့လာလိုတဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ စတင်လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်လာပါတယ်။

ဇူလိုင်လ ၇ ရက်နေ့က စတင်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ လေ့လာလိုသူတွေအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ လျှောက်ထားကြရမှာပါ။

ဒါ့အပြင် ပြည်တွင်း ရွေးကောက်ပွဲ လေ့လာလိုသူတွေအနေနဲ့  တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေမှာလည်း လျှောက်ထားနိုင်တဲ့အကြောင်း ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီလို ရွေးကောက်ပွဲတွေကို လေ့လာစောင့်ကြည့်ကြမယ့်  ပြည်တွင်းနဲ့ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူတွေအတွက် ကျင့်ဝတ်နဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုလည်း ဇူလိုင်လ (၇) ရက်နေ့ ရက်စွဲနဲ့ပဲ ကော်မရှင်ကနေ ထုတ်ပြန်ထားတာပါ။

နိုဝင်ဘာလ (၈) ရက်  ရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၃၃၀) နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၆၈) နယ်၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်  (၆၄၄) နယ်၊  တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်)  ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်  ( ၂၉ ) နယ်တို့မှာ ကျင်းပဖို့ ရှိနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)