အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ပြီး ပြန်လာတဲ့ တပ်မတော်သားတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့

0
166

အိန္ဒိယနိုင်ငံကနေ သင်တန်းတက်ရောက်ပြီး ပြန်ရောက်လာတဲ့ တပ်မတော်သားတစ်ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိရတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒါကြောင့် အိန္ဒိယနိုင်ငံကနေ ပြန်လာတဲ့ တပ်မတော်သားတွေထဲကနေ ရောဂါပိုးတွေ့ရှိသူ အရေအတွက်ဟာ ၅ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိတဲ့ တပ်မတော်သားတွေကို အသည်းရောဂါ အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ကို ပို့ဆောင်ကုသမှု ခံယူစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အတည်ပြုလူနာနဲ့ ဆက်စပ်ထိတွေ့မှု ရှိခဲ့သူတွေကိုလည်း လိုအပ်တဲ့ ရောဂါရှာဖွေ ဖော်ထုတ်တာ၊ အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုတာတွေကို ဆက်လက် ဆောင်ရွက်နေပါတယ်။


___________________

___________________


အိန္ဒိယနိုင်ငံကနေ သင်တန်းတက်ရောက်ပြီး ပြန်ရောက်လာတဲ့ တပ်မတော်သားတစ်ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိရတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒါကြောင့် အိန္ဒိယနိုင်ငံကနေ ပြန်လာတဲ့ တပ်မတော်သားတွေထဲကနေ ရောဂါပိုးတွေ့ရှိသူ အရေအတွက်ဟာ ၅ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိတဲ့ တပ်မတော်သားတွေကို အသည်းရောဂါ အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ကို ပို့ဆောင်ကုသမှု ခံယူစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အတည်ပြုလူနာနဲ့ ဆက်စပ်ထိတွေ့မှု ရှိခဲ့သူတွေကိုလည်း လိုအပ်တဲ့ ရောဂါရှာဖွေ ဖော်ထုတ်တာ၊ အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုတာတွေကို ဆက်လက် ဆောင်ရွက်နေပါတယ်။ 

အိန္ဒိယနိုင်ငံကနေ သင်တန်းတက်ရောက်ပြီး မေလ ၂၄ ရက်က မြန်မာ့အမျိုးသား လေကြောင်းလိုင်းနဲ့ ပြန်လည်ရောက်ရှိလာတဲ့ တပ်မတော်သား ၁၈ ဦးကို ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း အသွားအလာကန့်သတ် သီးခြားစောင့်ကြည့်ထားပြီး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တွေ ရယူကာ နှစ်ကြိမ်စစ်ဆေးခဲ့ရာ အရာရှိ၊ စစ်သည် ၁၈ ဦးထဲက ၄ ဦးမှာ COVID-19  ရောဂါပိုး တွေ့ရှိရလို့ ကုသပေးနေတာ ဖြစ်ပါတယ်။ အခု နောက်တစ်ဦး ထပ်မံ တွေ့ရှိရတာပါ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)