ကျိုင်းတုံမြို့နယ်မှာ ၂၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေ ဖမ်းဆီးရမိ

0
492

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်း ငွေကျပ် ၂၅ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေကို ဖမ်းဆီးရမိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဝမ်မိုင်ကျေးရွာအနီး ကျိုင်းတုံမြို့ရှောင်လမ်းကို စစ်ဆေးဆောင်ရွက်စဉ် ဗွီဂိုအမျိုးအစား မော်တော်ယာဉ် ၃ စီးကို ရပ်တန့်စစ်ဆေးရာ မော်တော်ယာဉ် ၁ စီးပေါ်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ထွက်ပြေးသွားခဲ့ပြီး ကျန်မော်တော်ယာဉ် ၂ စီးကိုတော့ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ထွက်ပြေးသွားတဲ့ မော်တော်ယာဉ်ကို အသေးစိတ် စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ AAA တံဆိပ်ပါ အိုက်စ် ၁ ကီလိုထုပ် ၂၈ ထုပ်ပါ ကျောပိုးအိတ် ၂၅ လုံး (၇၀၀ ကီလိုဂရမ်)၊ တံဆိပ်မပါ အိုက်စ် ၁ ကီလိုထုပ် ၂၅ ထုပ်ပါ ဆာလာအိတ် ၁၂ လုံး (၃၀၀ ကီလို ဂရမ်)၊ (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၅ ဘီလီယံ)၊ ဘိန်းဖြူ ၃ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၄၈၀) တို့ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီ မောတြောယြာဉတြှေ၊ မူးယဈဆေးဝါးတှနေဲ့အတူ ဖမြးဆီးရမိသူတှကေို သကဆြိုငရြာဆီ စနဈတကွ လှှဲပှောငြးအပနြှံခဲ့တယလြို့ သတငြးထုတပြှနထြားပါတယြ။

_________________

_________________

ကြိုငျးတုံမွို့နယျမှာ ၂၅ ဘီလီယံကြောျ တနျဖိုးရှိ မူးယဈဆေးဝါး သယျဆောငျလာသူတှေ ဖမျးဆီးရမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်း ငွေကျပ် ၂၅ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေကို ဖမ်းဆီးရမိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ  ဝမ်မိုင်ကျေးရွာအနီး ကျိုင်းတုံမြို့ရှောင်လမ်းကို စစ်ဆေးဆောင်ရွက်စဉ် ဗွီဂိုအမျိုးအစား မော်တော်ယာဉ် ၃ စီးကို ရပ်တန့်စစ်ဆေးရာ မော်တော်ယာဉ် ၁ စီးပေါ်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ထွက်ပြေးသွားခဲ့ပြီး ကျန်မော်တော်ယာဉ် ၂ စီးကိုတော့ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ထွက်ပြေးသွားတဲ့ မော်တော်ယာဉ်ကို အသေးစိတ် စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ AAA တံဆိပ်ပါ အိုက်စ် ၁ ကီလိုထုပ် ၂၈ ထုပ်ပါ ကျောပိုးအိတ် ၂၅ လုံး (၇၀၀ ကီလိုဂရမ်)၊ တံဆိပ်မပါ အိုက်စ် ၁ ကီလိုထုပ် ၂၅ ထုပ်ပါ ဆာလာအိတ် ၁၂ လုံး (၃၀၀ ကီလို ဂရမ်)၊ (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၅ ဘီလီယံ)၊ ဘိန်းဖြူ ၃ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၄၈၀) တို့ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီ မော်တော်ယာဉ်တွေ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိသူတွေကို သက်ဆိုင်ရာဆီ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)