တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် ပျက်ကျမှုအတွက် ဝမ်းနည်းကြောင်း အမေရိကန်သံရုံး ပြော

0
314

 

လေတပ်မတော်နဲ့ ထားဝယ်မြို့အနီးမှာ ပျောက်ဆုံး ပျက်ကျသွားတဲ့ တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ်ပါ ခရီးသည်တွေ၊ လေယာဉ်အမှုထမ်း မိသားစုတွေအတွက် များစွာ စိတ်မကောင်း ဖြစ်တယ်လို့ အမေရိကန် သံရုံးက သတင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်းဓာတ်ပုံ – ZAW ZAW PHYO/EPA

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ အဆင်ပြေ ချော့မွေ့ဖို့ ဆုတောင်းလိုက်ပြီး ထိခိုက်ခံစားရသူများနဲ့ ထပ်တူ ဝမ်းနည်း ကြေကွဲရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း များစွာ စိတ်မကောင်းကြောင်း ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)