၆၆ (ဃ) နဲ့ မီဒီယာ လွတ်လပ်ခွင့်ကို ပိတ်ပင်တဲ့ ဥပဒေတွေပါ CPJ က အစိုးရနဲ့ ဆွေးနွေး

0
337

သတင်းစာ လွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့တစ်ခုဖြစ်တဲ့ CPJ (Committee to Protect Journalists) ဟာ အစိုးရနဲ့ တွေ့ဆုံချိန်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တင်မကဘဲ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိပါးနေတဲ့ တခြားသော ဥပဒေတွေနဲ့ အတားအဆီး ဖြစ်စေတဲ့ ဥပဒေအကြောင်းအရာတွေကို ဆွေးနွေးခဲ့ပါတယ်။

ပဲန်မြန်မာနဲ့ CPJ တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၉ ရက်နေ့က ရန်ကုန်မြို့ Pen Myanmar ရုံးခန်းမှာ ပြုလုပ်ခဲ့စဉ် CPJ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်သူ ကက်သရင်း ကာရိုက အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အခု တရားစွဲဆိုမှုတွေကို ပြန်လည် ရုပ်သိမ်းပေးဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း CPJ က တောင်းဆိုခဲ့ပါတယ်။

ဆက်သွယ်ရေးဥပဒေ သုတေသန အဖွဲ့ရဲ့ တွေ့ရှိချက်တွေအရ အစိုးရသစ် အာဏာရရှိလာတဲ့ ဧပြီလ ၂၀၁၆ ခုနှစ်က စပြီး အခုအချိန်အထိ ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ တရားစွဲဆိုထားတဲ့ အမှုပေါင်း ၆၁ မှု ရှိပြီး အဲဒီထဲက ၉ မှုဟာ သတင်းမီဒီယာသမားတွေကို စွဲဆိုထားတဲ့ အမှုတွေ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)