ထိုင်း-မြန်မာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေကို ထောက်ခံကူညီခြင်း မရှိဘူးလို့ ထိုင်းပြော

0
313

ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တွေကို ထောက်ခံကူညီတဲ့ မူဝါဒ မရှိဘူးလို့ ထိုင်းစစ်တပ် အကြီးအကဲက ပြောဆိုလိုက်ပါတယ်။

မကြာသေးခင်က လက်နက် အမြောက်အမြား ဖမ်းဆီးရမိခဲ့မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေကို ရောင်းချဖို့ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြပြီးနောက် ထိုင်းဗိုလ်ချုပ်ကြီး ချလမ်ချိုင်း စစ်တီဆတ်က အဲဒီလို ပြောဆိုတာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ လက်နက်မှောင်ခို ကူးမှုတွေရှိနေတာ ကြာပြီဆိုတာကိုတော့ ဗိုလ်ချုပ်ကြီး ချလမ်ချိုင်းက ဝန်ခံပါတယ်။

မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တော်တော် များများဟာ အပစ်ရပ်ပြီး မြန်မာအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပေမယ့် ပါဝါ အပေးအယူပြုလုပ်မှုမှာ အားသာစေဖို့ လက်နက်တွေကိုတော့ လိုအပ်နေတုန်းပဲလို့ ချလမ်ချိုင်းက ပြောပါတယ်။ ဘယ်အဖွဲ့တွေဆိုတာကိုတော့ ထည့်သွင်းပြောကြားခြင်း မရှိပါဘူး။

မြန်မာအစိုးရက တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးနေတာကိုလည်း ထောက်ခံတယ်လို့ သူက ပြောပါတယ်။

ကမ္ဘောဒီးယား အနေနဲ့လည်း ထိုင်းကို ဖြတ်သန်းလာမယ့် တရားမဝင် လက်နက် မှောင်ခိုကူးမှုတွေကိုလည်း တားဆီးဖို့ တိုက်တွန်းလိုက်ပါတယ်။

မကြာသေးမီက ဖမ်းဆီးရမိတဲ့ လက်နက်တွေနဲ့ ပတ်သက်လို့ စစ်သား ၃ ယောက်နဲ့ အရပ်သား ၁၅ ယောက်ကို ဖမ်းဆီးထားပါတယ်။ လက်နက် မှောင်ခို ကုန်ကူးသူတွေထဲမှာ စစ်သားတချို့လည်း ပါဝင် ပတ်သက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)