Y-8 ပျက်ကျ စစ် သယ်ပို့လေယာဉ်က ရုပ်အလောင်း ၃၁ လောင်းတွေ့ရှိ၊ ဆက်လက် ရှာဖွေနေ

0
319

Y-8 ပျက်ကျလေယာဉ်ကနေ မနေ့က ဇွန်လ ၈ ရက်နေ့ညနေ ၇ နာရီအထိ အမျိုးသားရုပ်အလောင်း ၂ လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၁ လောင်း၊ ကလေးရုပ်အလောင်း ၈ လောင်း၊ စုစုပေါင်း ရုပ်အလောင်း ၃၁ လောင်း ဆယ်ယူ ရရှိခဲ့ပါတယ်။

ဒါ့အပြင် Y-8 လေယာဉ်၏ အစိတ်အပိုင်းဖြစ်တဲ့ လေယာဉ်ဘီးတစ်လုံး၊ အသက်ကယ်အင်္ကျီများနဲ့ ပစ္စည်းထည့်အိတ်တချို့ ဆယ်ယူရရှိခဲ့ပါတယ်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ရေတပ် စစ်ရေယာဉ်တွေ၊ ပြည့်ဖြိုးထွန်း ကုမ္ပဏီ၊ ထူးထူးတိုး ကုမ္ပဏီ၊ ခိုင်ဇင်ယော် ကုမ္ပဏီတို့က ငါးဖမ်းစက်လှေ အစီဒ ၂၀ အပါအ၀င် ဒေသခံ ငါးဖမ်းစက်လှေတွေ၊ ဒေသခံပြည်သူတွေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လူမှုရေး အသင်းအဖွဲ့တွေက ပူးပေါင်း လုပ်ဆောင်နေကြပါတယ်။

ဆယ်ယူရရှိတဲ့ ရုပ်အလောင်း ၂၉ လောင်းကို စစ်ရေယာဉ်တွေနဲ့ သယ်ဆောင်ပြီး လောင်းလုံ မြို့နယ်က တဆင့် စန်းလန်းကျေးရွာကို ပို့ဆောင်ပါတယ်။ အဲဒီကနေ ကားနဲ့ ထားဝယ်မြို့ တပ်မတော် ဆေးရုံကို ပို့ဆောင်ပြီး ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)