အောင်လအန်ဆန်းရဲ့ ဇာတိမြေမှာ ယှဉ်ပြိုင်ရပေမယ့် မစိုးရိမ်ဘူးလို့ ပြိုင်ဘက် ကမ္ဘာ့ချန်ပီယံ ပြော

0
305

ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် မြန်မာနိုင်ငံဇာတိ ကိုယ်ခံပညာဘက်စုံသုံး ပြိုင်ပွဲ MMA စူပါစတား အောင်လအန်ဆန်းရဲ့ ဇာတိမြေမှာ မကြေပွဲ ပြန်ထိုးသတ်ရမှာ ဖြစ်ပေမယ့် စိုးရိမ်ကြောက်ရွံမှု မရှိဘူးလို့  ရုရှားလူမျိုး ဗစ်တာလီ ဘစ်ဒက်ရှ်က ပြောလိုက်ပါတယ်။

MMA ပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံ ဗစ်တာလီ ဘစ်ဒက်ရှ်နဲ့ အောင်လအန်ဆန်းတို့ရဲ့ ဒုတိယအကြိမ် မကြေပွဲကြီးကို ONE: LIGHT OF A NATION ပွဲ အဓိကတွဲဆိုင်းအဖြစ် ဇွန် ၃၀ ရက်နေ့မှာ  ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေချစ်တဲ့ ကစားသမား တစ်ယောက်နဲ့ ထိုးသတ်ရမယ့် အတွက်တော့ နည်းနည်းလေးမှ မစိုးရိမ်မိပါဘူး။ လွယ်ကူတဲ့ ပြိုင်ပွဲ မဟုတ်လို့ ကျွန်တော့်အနေနဲ့ ချန်ပီယံ တစ်ယောက် ဆိုတာကို သက်သေပြဖို့ အတွက်တော့ ပိုပြီး ကြိုးစားရမှာပါ။ ကျွန်တော် လုပ်နိုင်သလောက် သက်သောင့်သက်သာလေးနဲ့ ထိုးလို့ရတဲ့ ပြိုင်ပွဲတွေပဲပြိုင်ပြီး ဒီအတိုင်းလေး နေလို့မှမရတာဗျာ” လို့ ဘစ်ဒက်ရှ်ကက ပြောပါတယ်။

ဘစ်ဒက်ရှ်ဟာ ပြည်ပပြိုင်ပွဲ အတွေ့အကြုံ မစိမ်းသူဖြစ်ပြီး နောက်ဆုံး ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ပြည်ပပြိုင်ပွဲ နှစ်ပွဲကို အနိုင်ရရှိထားသူ ဖြစ်ပေမယ့် ယခုတစ်ကြိမ်ကတော့ ပြိုင်ဘက်ရဲ့ ဇာတိမြေမှာ ပထမဆုံး ထိုးသတ်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက အောင်လအန်ဆန်းနဲ့ ထိုးသတ်တဲ့ပြိုင်ပွဲမှာ ဘစ်ဒက်ရှ်က ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)