မိုရာ မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ထောက်ပံ့ဖို့ အိန္ဒိယ စစ်သင်္ဘော ရောက်ရှိ

0
318

မိုရာ ဆိုင်ကလုန်းမုန်းတိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်ရှိ ဘေးဒုက္ခ ရောက်သူတွေကို အကူညီပေးမယ့် ပစ္စည်းတွေ သယ်ဆောင်လာတဲ့ အိန္ဒိယ ရေတပ်သင်္ဘောဟာ သီလ၀ါ ဆိပ်ကမ်းကို ရောက်ရှိလာခဲ့ပါတယ်။

မြန်မာရေတပ် တာဝန်ရှိသူတွေက အိန္ဒိယ ရေတပ် သင်္ဘောဆီက အကူညီပေးရေး ပစ္စည်းတွေကို လွှဲပြောင်းလက်ခံ ရယူခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံက ပေးပို့တဲ့အကူညီပေးရေး ပစ္စည်းတွေထဲမှာ ဆေးဝါးပစ္စည်းတွေ၊ အစားစာနဲ့ အ၀တ်အထည်တွေ ပါဝင်ပြီး  မိုရာမုန်တိုင်း ဒဏ်ခံ ဘေးဒုက္ခရောက်သူတွေကို လွှဲပြောင်းပေးနိုင်ဖို့ ရခိုင်ပြည်နယ် အစိုးရဆီ လွဲပြောင်းပေးသွားမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်း လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန က ညွှန်ကြားရေးမှူး ဦးဝင်းဆွေက “အကူညီပေးရေး ပစ္စည်းတွေကို ရခိုင်ပြည်နယ်ရှိ ဘေးဒုက္ခခံစားနေရသူတွေဆီ အမြန်ဆုံး ပိုဆောင်သွားမယ်” လို့ ပြောပါတယ်။

မေလ ၃၀ ရက်နေ့က မိုရာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မောင်တောင်မြို့နယ်မှာ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့  လျှပ်စစ် မီး ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)