မြန်မာပြည် သိန်းတန်ရဲ့ “အန်ကယ်က NO ပါ.. မအားသေးဘူး” တေးအယ်လ်ဘန်ထွက်ပြီ

0
324

မြန်မာပြည် သိန်းတန်ရဲ့ နိဗ္ဗာန်ဆော် ဓမ္မတေး (၁၀) ပုဒ် ပါဝင်တဲ့ “အန်ကယ်က NO ပါ.. မအားသေးဘူး” တေးအယ်လ်ဘန်ကို မေလ ၁၀ ရက်နေ့မှာ စတင် ဖြန်ချိလိုက်ပြီ ဖြစ်ပါတယ်။

အဲ့ဒီလို တေးအယ်လ်ဘန်ထွက်ရှိတဲ့ အထိမ်းအမှတ်အနေနဲ့ တေးသံရှင် မြန်မာပြည်သိန်းတန်က ၀ယ်ယူအားပေးသူ ပရိတ်သတ်တွေကို အမှတ်တရ လက်မှတ်ရေးထိုးပြီး တေးသီချင်းတွေနဲ့လည်း သီဆိုဖျော်ဖြေပေးဖို့လည်း ရှိနေတာပါ။

ဖျော်ဖြေပွဲတွေကို မေလ (၁၀) ရက် ကဆုန်လပြည့်နေ့ နေ့လည် ၁ နာရီကနေ ၃ နာရီအထိ Happy World ကစားကွင်း ၁ ၊ နေ့လည် ၃ နာရီကနေ ညနေ ၅ နာရီအထိက ပြည်သူ့ရင်ပြင်ရှိ Happy Zone နဲ့ ညနေ ၅ နာရီကနေ ၇ နာရီအထိက ကျိုက္ကဆံ Super One တို့မှာ ကျင်းပ ပေးသွားဖို့ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)