၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် အစိုးရနည်းပညာအထက်တန်းကျောင်းတွေက သင်တန်းသားသစ်တွေခေါ်ယူ

0
316

၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ်အတွက် အစိုးရနည်းပညာအထက်တန်းကျောင်းတွေက အသက်မွေးပညာသင်တန်းတွေအတွက် သင်တန်းသားတွေကို စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ အသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနလက်အောက်မှာ ရှိတဲ့ အစိုးရနည်းပညာအထက်တန်းကျောင်း ၃၄ ကျောင်းအတွက် ကျောင်းသားသစ်တွေကို ခေါ်ယူလိုက်တာပါ။ သင်တန်းလျှောက်ထားလိုသူတွေဟာ အဋ္ဌမတန်း အောင်မြင်ပြီးသူတွေနဲ့ အကျင့်စာရိတ္တကောင်းမွန်သူတွေ ဖြစ်ဖို့ အရည်အချင်း ကန့်သက်ထားပါတယ်။

သင်တန်းတတ်ရောက်ခွင့် ရရှိမယ့် ကျောင်းသားတွေဟာ လစဉ် တစ်ဦးကို ထောက်ပံ့ကြေး ကျပ်ငွေ ၃ သောင်းကိုလည်း ရရှိ ခံစားကြရမှာ   ဖြစ်ပါတယ်။

သင်တန်းတက်ရောက်လိုသူတွေ အနေနဲ့ အဆောက်အအုံ နည်းပညာသင်တန်း Building Technology၊ အီလက်ထရွန်းနစ် နည်းပညာသင်တန်း Electronics Technology၊ လျှပ်စစ်နည်းပညာသင်တန်း Electrical Technology၊ မော်တော်ယာဉ် နည်းပညာသင်တန်း Auto Mechanics Technology ၊ စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်း Machining Technology၊ ရေခဲသေတ္တာနှင့် လေအေးပေးစက်နည်းပညာသင်တန်း Refrigeration and Air Conditioning Technology ၊ သတ္တုပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်း Metal Process Technology နဲ့ သုတနည်းပညာသင်တန်း Information Technology စတဲ့ ဘာသာရပ် ၈ ခုထဲက ကြိုက်နှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ် လျှောက်ထားကြရမှာဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ နီးစပ်ရာ အစိုးရနည်းပညာအထက်တန်းကျောင်းတွေမှာ မေလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းလျှာက်ထားကြရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)