ရန်ကုန်-ဒလ တံတား စီမံကိန်း ၂၀၁၈ မှာ စတင်မယ်လို့ တရားဝင်ပြောပြီ

0
1030

ရန်ကုန်-ဒလ တံတား စီမံကိန်းကို ၂၀၁၈ ဇန်န၀ါရီလမှာ စတင် အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားဝင် ပြောကြားလိုက်ပါတယ်။

မေလ ၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အစိုးရအဖွဲ့က တရားဝင် ပြောကြားလိုက်တာပါ။

အဲ့ဒီစီမံကိန်းကို ၃ နှစ်အတွင်း ၂၀၂၁ မှာ ပြီးစီးအောင် တည်ဆောက်သွားမှာဖြစ်ပြီး စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈.၁၇၃ သန်း အကုန်အကျခံ တည်ဆောက်သွားမှာဖြစ်တယ်လို့လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေက ပြောပါတယ်။

တံတားစီမံကိန်းအရ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနဲ့  ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်ထားတဲ့ လမ်းအူကြောင်းအတိုင်း ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ရွေးချယ်တည်ဆောက်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)